Movie Name
Parasyte The Grey (2024)
Year
2024
Generes
Action, Horror, Sci-Fi
Code
SKR0974
Type
Series
Size
1.93 GB
Country
Korea
Description
1-6 complete Parasyte:The Grey ထွက်ရှိလို့လာပါပြီ။ ကောင်းကင်ပေါ်ကနေ ရုတ်တရက် ကျ‌ရောက်လာတဲ့ Parasyte တွေဟာ လူတွေရဲ့ ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်ပြီး လူသား‌တွေကို ရန်ရှာသတ်ဖြတ်လာကြပါတယ်။ ကိုယ်ပိုင်အင်အားစု ဖန်တီးဖို့ ကြိုးစားနေတဲ့ Parasyte တွေရဲ့ ရန်ကနေ ကာကွယ်ဖို့အတွက် လူသားတွေကလည်း ပြန်လည် ထိုးစစ်ဆင်ကြပါတော့တယ်။ ဂျောင်ဆူအင်ကတော့ Parasyte လက်ခံကောင်ဖြစ်သွားပြီးနောက်မှာ Parasyte နဲ့ အတူယှဉ်တွဲနေထိုင်နေရပါတယ်။ ဆောဂန်းအူကတော့ ပျောက်ဆုံးသွားတဲ့ ညီမဖြစ်သူကို ရှာဖွေဖို့အတွက် Parasyte တွေနောက်ကို လိုက်နေသူတစ်ဦးပါ။ ချွဲဂျွန်းဂယောင်းကတော့ Parasyte တွေကြောင့် ယောကျာ်းဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး သူ့ဘဝ ရည်မှန်းချက်က Parasyte တွေကို အမြစ်ဖြတ်ချေမှုန်းဖို့ပဲဖြစ်ပါတယ်။ ဇာတ်ကြောင်းကိုယ်စီရှိကြတဲ့ လူသားတွေနဲ့ Parasyte တွေကြားက ပြင်းထန်တဲ့ တိုက်ပွဲစတင်လာခဲ့ပြီး နောက်ဆုံးမှာ ဘယ်ဘက်က အနိုင်ရရှိသွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှူရမှာပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့လည်း D.P ထဲက မင်းသား Koo Kyo Hwan နဲ့ Our Blooming Youth ထဲက မင်းသမီး Jeon So Nee တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီး အရန်သရုပ်ဆောင်တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရှုရဦးမဲ့ သည်းထိပ်ရင်ဖို့ Sci-fi စီးရီးလေးပဲ ဖြစ်ပါတယ်။