Movie Name
Collide (2016)
Year
2016
Generes
Action
Code
00789
Type
Movie
Size
802 MB
Country
Hollywood
Description
MDb 5.7 ရရှိထားတဲ့ Collide (2016) ဟာ Nicholas Hoult , Felicity Jones, Anthony Hopkins တို့လို နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားတာကြောင့် စိတ်လှုပ်ရှားစရာ ဇာတ်ဝင်ခန်းတွေနဲ့ ကြည့်ရတာ အရမ်းကိုလန်းတဲ့ အက်ရှင်ကားကောင်းတစ်ကားပါ။ အချစ်အတွက် ချစ်တဲ့သူအတွက်ဆိုရင် သူ့ဘ၀ ရပ်တည်မှု ပုံစံ အရာရာကို ပြောင်းလဲ ပစ်ဖို့ အသင့်ရှိတဲ့ အရမ်းချစ်တတ်တဲ့ ကောင်လေး တစ်ယောက် နေရာက Nicholas Hoult နဲ့ ရောဂါသည်ကောင်မလေး နေရာက Felicity Jones တို့ရဲ့ အရမ်းချစ်တတ်ကြတဲ့ ချစ်သူပုံစံလေးကိုလည်း မြင်တွေ့ရမှာပါ ။ အဲဒီလိုနဲ့ အေးချမ်းတဲ့ ဘဝလေးတစ်ခုကို ရိုးသားစွာနဲ့ တည်ဆောက်နေချိန်မှာပဲ လျှို့ဝှက်ထားခဲ့တဲ့ ချစ်သူ ကောင်မလေးရဲ့ ရောဂါ အခြေအနေ ။ များပြားလွန်းတဲ့ ငွေပမာဏကြောင့် ကိုယ့်ကိုယ်ကို နောက်ဆုံးအချိန်တစ်ခုလို အရှုံးပေးထားတဲ့ ချစ်သူ ကောင်မလေးအတွက် လိုအပ်နေတဲ့ ငွေကို မရရအောင် ရှာဖွေမယ့် ချစ်သူကို မစွန့်လွှတ်နိုင်တဲ့ ဇောနဲ့ အရာရာကို ရင်ဆိုင်သွားမယ့် ကောင်လေးတစ်ယောက်အဖြစ် ပီပြင်စွာနဲ့ Nicholas Hoult ကို မြင်တွေ့ရမှာပါ။ သူ့ရင်ဆိုင်ရမယ့် အဆိုးဆုံးဆိုတဲ့ ရန်သူတွေကတော့ သွေးအေးရက်စက်လွန်းတဲ့ ဇာတ်ကောင်ပုံစံနဲ့ အလိုက်ဖက်ဆုံး Anthony Hopkins ပေါ့။ အကောင်းဆုံး ဒိုင်ယာလော့ တွေနဲ့ ဖမ်းစားပြီး အသက်ရှုဖို့မေ့လောက်တဲ့ အက်ရှင်ကားကောင်းလေး တစ်ကားပါ။ (ရုပ်ရှင်အညွှန်းကို M2M FB Page မှကူးယူဖော်ပြပါသည်။)