-
Movie Name
-
Likit Kammathep (2007) (ကံကြမ္မာလှည့် ကွက်)
-
Year
-
2007
-
Generes
-
Drama, Romance
-
Code
-
ST0924
-
Type
-
Series
-
Size
-
8.69 GB
-
Country
-
Thai
-
Description
-
1-12 Completed
ကံကြမ္မာလှည့်ကွက် "
Likit Kammathep (2007)
ဖိနစ်နိုင် အဖြစ် - Krissada Pornweroj
ကန်ဖလူ အဖြစ် - Anne Thongprasom
ဇာတ်လမ်းအကျဥ်း...
အမေဖြစ်သူရဲ့ အမည်းစက်ကြောင့် ဆွေမျိုးသားချင်းရဲ့ နှိမ်ခြင်းကိုခံနေရတဲ့ ကန်ဖလူတစ်ယောက်တော့ အန်တီဖြစ်သူအိမ်မှာနေပြီး ဖာသာဆိုတဲ့ချစ်သူနဲ့လက်ထပ်ဖို ပိုက်ဆံစုနေရှာတယ်။ ၅နှစ်ကြာတွဲခဲ့တဲ့ ချစ်သူ "ဖာသာ"ဆိုရင်လည်း အချစ်ကိုအကျိုးအမြတ်ထုတ်ပြီး "ကန်ဖလူ"ကိုလိမ်ဖိုကြံစည်နေခဲ့တာပဲဖြစ်ပါတယ်။ တနေ့တော့ ကန်ဖလူကို ဖာသာလိမ်လည်လှည့်စားမှန်း သူသိသွားတဲ့အခါမှာတော့ အသည်းကွဲပြီး "ပွတ်"ဆိုတဲ့အချစ်ဆုံးသူငယ်ချင်းနဲ့ သူမရောက်ဖူးတဲ့ နိုက်ကလပ်တခုကိုရောက်သွားခဲ့ပါတယ်။
သန်းကြွယ်သူဌေး"ပတင်"ရဲ့သားဖြစ်သူ "ဖိနစ်နိုင်"မှာတော့ ကိုယ်ချမ်းသာကြောင်းမကြွားတတ်ဘဲ တင်းတင်းတိမ်တိမ်နဲ့နေတတ်တဲ့ ဥယျာဉ်လုပ်ရဝါသနာပါတဲ့ ခြံပိုင်ရှင်ပဲဖြစ်ပါတယ်။ ဆင်းရဲတဲ့ပုံပေါက်နေလို "ဖိနစ်နိုင်"နဲ့တွဲနေတဲ့ "ဖေရီ"လည်း စိတ်ပျက်ပြီး မင်းသားနဲ့ဆင်းဆင်းရဲရဲမနေနိုင်ကြောင်း လမ်းခွဲခဲ့တယ်။
ကန်ဖလူရောက်နေတဲ့ နိုက်ကလပ်မှာ မထင်မှတ်ဘဲ "ဖိနစ်နိုင်"တယောက်လည်း အသည်းကွဲပြီးရောက်နေခဲ့တာပါပဲ။ ရိုးသားလွန်းတဲ့ "ကန်ဖလူ"ကတော့ အသည်းကွဲရှိန်နဲ့ မူးနေခဲ့တာကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေခဲ့တာကို "ဖိနစ်နိုင်"မြင်ပြီး"အပျက်မ"လိုထင်သွားစေခဲ့တယ်။
သူဌေးပတင်ဆိုသူကလည်း သားဖြစ်သူအသည်းကွဲနေတာကို မကြည့်ရက်တဲ့အဆုံး သူငယ်ချင်းဖြစ်သူ(ကန်ဖလူရဲ့ အန်တီ)ရဲ့သမီးကို တောင်းရမ်းဖိုဖြစ်လာခဲ့ပါတယ်။
"ဖိနစ်နိုင်"ရဲ့ငြင်းဆိုမှုကြောင့်ပဲ ဖခင်ဖြစ်သူကလည်း သားအတွက်မဟုတ်တော့ဘဲ ကိုယ်တိုင်အတွက်တောင်းရမ်းဖို အစီအစဉ်ပြောင်းလဲခဲ့ပါတယ်။ မထင်မှတ်ဘဲ ကန်ဖလူအန်တီရဲ့အိမ်ရောက်သွားတဲ့ချိန်မှာတော့ "ကန်ဖလူ"ကိုမြင်ပြီး သူဌေးပတင်ချစ်ခြင်းမေတ္တာသက်ဝင်သွားခဲ့လို အိမ်ခေါ်လာခဲ့ပါတယ်။
"ဖိနစ်နိုင်"မြင်မြင်ချင်းမှာပဲ သူ့အတွက်ပေးစားမယ်ထင်ပြီး အပျက်မလိုသတ်မှတ်ထားတဲ့ "ကန်ဖလူ"ကို လူသူမသိအောင် အနိုင်ကျင့်အဓမ္မပြုပါတော့တယ်။ နောက်မှသာ သူ့အတွက်မဟုတ်မှန်း သူ့အဖေကိုယ်တိုင်အတွက်တောင်းရမ်းခဲ့ထားမှန်း သိလိုက်တဲ့အချိန်မှာတော့ "ဖိနစ်နိုင်နဲ့ ကန်ဖလူ"တိုဘယ်လိုဆက်လုပ်ကြမလဲ၊ သူဌေးပတင်နဲ့ပဲ လက်ထပ်သွားမလား၊ အလိုမတူအဓမ္မကျင့်ခဲ့တဲ့ ဖိနစ်နိုင်ကိုပဲ ကန်ဖလူတယောက်ပြန်ကလဲ့စားချေမလားဆိုတာတော့ ဇာတ်ကားကိုဆက်ကြည့်ဖိုပြောပါရစေ။