Movie Name
Apartment 404 (2024)
Year
2024
Generes
Comedy
Code
SKR0978
Type
Series
Size
4.99 GB
Country
Korea
Description
1-8 complete “Apartment 404” ဆိုတဲ့ ရသစုံရှိုးလေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပါဝင်သူတွေကလည်း Running Man မှ ညီနောင်နှစ်ယောက်ဖြစ်တဲ့ Yoo Jae Suk နဲ့ Yang Se Chan၊ Blackpink အဖွဲ့ဝင် Jennie၊ Moving မှ Cha Tae Hyun နဲ့ Lee Jung Ha၊ Alchemy of souls မှ Oh Nara တို့က ပါဝင်အားဖြည့်ထား​တဲ့အတွက် အကောင်းကြိုက်တဲ့ပရိသတ်တွေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ ရှိုးအညွှန်း… “Apartment 404” ဆိုတဲ့နာမည်လေးအတိုင်း တိုက်ခန်းနေထိုင်သူ ၆ ယောက်ဟာ သူတို့နေထိုင်ရာတိုက်ခန်းနောက်ကွယ်မှာဖြစ်ပျက်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ပဟေဠိကို အဖြေရှာဖို့ နည်းလမ်းပေါင်းစုံကြိုးစားကြပုံကို ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ နေထိုင်သူ ၆ ယောက်ဟာ နှစ်ဖွဲ့စီခွဲပြီး ဂိမ်းတွေကစားရင်း သဲလွန်စတွေကို အရယူကာ ထူးဆန်းထွေလာဖြစ်ရပ်တွေရဲ့အကြောင်းရင်းကို ဖော်ထုတ်ရမှာဖြစ်ပါတယ်။ တွေးရတာကြိုက်တဲ့ ပရိသတ်တွေအတွက် ကိုယ်တိုင်လိုက်ပါခန့်မှန်းရင်းကြည့်ရှုရမှာဖြစ်လို့ 1-8 complete လက်မလွှတ်တမ်းအားပေးရမဲ့ ရသစုံရှိုးကောင်းတစ်ခုဆိုလည်းမမှားပါဘူး။ အပိုင်းတိုင်းကိုလည်း မတူညီတဲ့နေရာဒေသတွေမှာရိုက်ကူးထားတဲ့အပြင် ဖြစ်ရပ်မှန်အခြေခံပြီး ပုံဖော်ထားတဲ့ဇာတ်လမ်းတွေကိုပါ ထည့်သွင်းရိုက်ကူးထားတာမလို့ အတွေ့အကြုံအသစ်အဆန်းတွေကို အပိုင်းတိုင်းမှာခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။