Movie Name
Kaam Chalu Hai (2024)
Year
2024
Generes
Drama
Code
IND1211
Type
Movie
Size
521 MB
Country
Bollywood
Description
Kaam Chalu Hai (2024) ဖခင်သောက IMDb 9.9/10 (4k) ဒီကားမှာတော့ အရမ်းနာမည်ကြီးတွေမပါဘဲ လူအများကြိုက်နှစ်သက်လောက်တဲ့ ပလော့တွေပဲပါမှာပါ ဒီလောက်ကောင်းတဲ့ rating တွေဘာလို့ရထားလဲတစ်ချက်လောက်ကြည့်ရအောင် ဖခင်ကောင်းတစ်ယောက်ရဲ့ သားသမီးပေါ်ဖြည့်ဆည်းပေးချင်တဲ့စိတ် သားသမီးကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ပျော်ရွှင်စရာမိသားစုဘဝကိုဖြတ်သန်းနေတဲ့ မန်နို့ဂ်ျ သူ့သမီးလေးကတော့ ကြီးလာရင် ခရစ်ကတ်ကစားသမားဖြစ်ချင်သူလေးပေါ့ ” အသက်၁၅နှစ်ကျရင် နိုင်ငံကိုယ်စားပြုကစားမှာ” ဆိုတဲ့ သမီးဆန္ဒအတိုင်း ကလေးကျောင်းမသွားခင်နဲ့ ကျောင်းပြန်ချိန်တွေမှာ သူကိုယ်တိုင် ထရိန်နင်ပေးပြီး ကစားသမားကောင်းတစ်ယောက်ဖြစ်အောင် နေ့တိုင်းပျိုးထောင်ပေးနေလေရဲ့ မိန်းမဖြစ်သူကတော့ အိမ်ထောင်ရှင်မပီပီ အိမ်မှုကိစ္စနိုင်နင်းပြီး သာယာတဲ့မိသားစုလေးတစ်ခုပါပေါ့ ။။။ လက ဘာလို့မည်းနေလဲဆိုတော့ချိုင့်ခွက်တွေပေါလို့ပါ အိန္ဒိယနိုင်ငံမှာချိုင့်တွေပေါသလိုပေါ့ ဒါပေမဲ့လပေါ်မှာတော့ အစိုးရမရှိလို့ ကွန်ပလိန်းတွေနားထောင်မဲ့လူတော့မရှိဘူးတဲ့လေ သမီးဖြစ်သူဂူဒီယာလေးတို့ကျောင်းလမ်းမှာ ချိုင့်ခွက်ကြီးကြီးတစ်ခုရှိလေရဲ့ နောက်ဘီးတစ်ခုလုံး ဝင်ဆောင့်မိလောက်တဲ့အထိကြီးတော့ အဲဒီနားမယ် ခဏခဏအက်ဆီးဒင့်တွေဖြစ်ကြတာပေါ့ ဒါကတော့ဒီဇာတ်ကားရဲ့ ဇာတ်အိမ်ပါပဲ။။ ဆိုတော့ ထုံးစံအတိုင်း ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့….