Movie Name
Last Night At Terrace Lanes (2024)
Year
2024
Generes
Comedy, Horror, Thriller
Code
EN4069
Type
Movie
Size
920 MB
Country
Hollywood
Description
ဒီနှစ်​မှထွက်ရှိထားတဲ့ ဇာတ်​ကား​ဖြစ်ပြီး Comedy/Horror အမျိုး​အစား​ဖြစ်​ပါတယ်။ အဆောက်အဦး​တစ်ခုထဲမှာပိတ်မိနေပြီး သွေးဆာနေတဲ့လူသတ်သမားတွေလက်က လွတ်​မြောက်​ဖို့ကြိုးစားရတဲ့ Thriller/ Survival အမျိုး​အစား​လို့​ပြောလည်းရပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ Kennedy နဲ့ သူငယ်ချင်း Tess တိုဟာ မနက်​ဖြန်ဆိုရင်​ အပြီးပိတ်​သိမ်းတော့မှာဖြစ်တဲ့ Terrace Lanes ဘိုးလင်းရုံ​ကြီးမှာ နောက်​ဆုံး​ညအနေနဲ့ အပန်းလာဖြေကြပါတယ်။ သူတို့​နဲ့အတူ ယောက်ျား​လေး​သူငယ်ချင်း​နှစ်ယောက်​လည်း​ပါပါတယ်။ Kennedy ရဲ့အဖေဖြစ်သူ ဘိုးလင်းဝါသနာ​ရှင်​ Bruce ကလည်း​ ဒီရုံ​ကြီးမှာ​ပဲ​အလုပ်​လုပ်​နေသူဖြစ်ပါတယ်။ အဲဒီ​ညမှာ​ပဲ အစွန်း​ရောက်အယူဝါဒ​ဂိုဏ်း​တစ်ခုက ဘိုး​လင်း​ရုံ​ကြီးကိုပိတ်ဆို့တိုက်ခိုက်ပါတော့တယ်။ Kennedy နဲ့ သူ့အဖေ Bruce တို့​နှစ်ယောက်သား အကြမ်း​ဖက်​တွေလက်ထဲက လွတ်​မြောက်​ဖို့​ကြိုး​စား​ရပုံကို ဟာသ​နှောပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ပေါ့​ပေါ့ပါး​ပါးကြည့်ရှုလို့ရမဲ့ကားဖြစ်ပြီး Slasher ဆန်​ပေမဲ့​သွေးထွက်သံယိုတွေ ဆိုး​ဆိုး​ဝါးဝါးမပါတာကြောင့် လူတိုင်း​ကြည့်​ရှုလို့ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ Horror/ Thriller​ ကိုမှ​ Comedy အနည်းငယ်​ရောထားတဲ့ ဇာတ်လမ်း​မျိုး​ကြိုက်​နှစ်သက်​သူတွေ​ ကြည့်ရှူသင့်တဲ့ဇာတ်ကားပါ။