Movie Name
Anchakkallakokkan (2024)
Year
2024
Generes
Drama, Thriller
Code
IND1216
Type
Movie
Size
1 GB
Country
Bollywood
Description
Anchakkalakokkan (2024) အကြောက်တရား IMDb 7.3 CM ပရိသတ်ကြီးအတွက် မလေယာလမ်မှုခင်းဒရာမာ ရုပ်ရှင်ကားအသစ်တစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ် ကျွန်တော်တို့ရဲ့ငယ်ဘဝမှာ ညအိပ်ရာဝင်ပုံပြင်တွေကနေနားထောင်ပြီး ကြောက်လန့်ခဲ့ရတဲ့ ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်စီတော့ရှိကြမှာပါ. အန်ချက်ခ်ကာလက်ခ်ခိုကမ်ဆိုတဲ့နာမည်ကလည်း ဇာတ်ဆောင်ဗာဆူဒီဗန်ရဲ့ ငယ်ဘဝမှာကြောက်ရွံ့ခဲ့ရတဲ့မလေယာလမ်ဒဏ္ဍာရီသတ္တဝါကြီးပ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ၁၉၈၆ခုနှစ်ရွေးကောက်ပွဲနီးလို့အခြေအနေတင်းမာနေတဲ့အချိန်မှာ နယ်စပ်ဒေသရွာလေးတစ်ရွာမှာ‌မြေပိုင်ရှင်ကြီး ချာပရာတစ်ယောက်လုပ်ကြံခံလိုက်ရတာနဲ့ ဇာတ်လမ်းကိုအစပျိုးထားပါတယ်. နောက်နေ့မှာပဲ ရှက်တတ်ကြောက်တတ်သွေးမြင်မူးလဲတတ်တဲ့ ရဲပေါက်စဗာဆူဒီဗန်ဟာ အဲဒီရွာကိုကျပြီး စီနီယာနာဒါဗာရမ်ဘန်နဲ့အတူ လုပ်ကြံမှုကိုစုံစမ်းရဖို့ဖြစ်လာပါတော့တယ်. အခြေအနေတွေရှုပ်ထွေးနေတဲ့ကြားကနေ ဖခင်သေဆုံးမှုအတွက်ဒေါသထွက် ပြဿနာဖန်တီးဖို့ ချာပရာသားတွေက ရွာကိုရောက်လာတဲ့အပြင် ချာပရာကိုသူသတ်လိုက်တာပါလို့ ဝန်ခံလိုက်သူကလည်းရှိနေပါတယ်. ဒီလိုသုံးပွင့်ဆိုင်အနေအထားမှာ တစ်ဖက်နဲ့တစ်ဖက်ဘယ်လိုကြမ်းကြ ရမ်းကြမလဲ လူသတ်သမားကရောအစစ်ဟုတ်ပါ့မလား ရွေးကောက်ပွဲအချိန် လက်ဝဲယိမ်းလက်ယာယိမ်းတွေကရော ဘယ်လိုရှုပ်ထွေးကြဦးမလဲဆိုတာ ဒီဇာတ်ကားလေးမှာကြည့်ရှုပေးကြပါဦး