-
Movie Name
-
Earwig And The Witch (2020)
-
Year
-
2020
-
Generes
-
Animation, Adventure
-
Code
-
AN0685
-
Type
-
Movie
-
Size
-
574 MB
-
Country
-
Hollywood
-
Description
-
ဒီတခေါက်တင်ဆက်ပေးမှာကတော့ ၂၀၂၀ ခုနှစ်ထွက်
Studio Ghibli ကထုတ်တဲ့ ပထမဆုံး 3D CG animation ကားလေးပါပဲ
Anime လို့ဆိုလိုက်တာနဲ့ ပြယုဂ်တခုအဖြစ် ပြေးမြင်ကြတဲ့
Studio Ghibli ထုတ်ကားတွေရဲ့ ဖန်တီးရှင် ဆရာကြီး
Hayao Miyazaki ရဲ့သားဖြစ်သူ Goro Miyazaki ရဲ့လက်ရာပါ
Howl’s Moving Castle ရဲ့ မူရင်းရေးသားသူ စာရေးဆရာမ
Diana Wynne Jones ရဲ့စာအုပ် Earwig and The Witch ဆိုတာကို
ရိုက်ကူးထားတဲ့ Fantasy/Adventure ဇာတ်လမ်းလေးပါ
Original Soundtrack တွေနဲ့ Musical အမျိုးအစားလည်းဖြစ်ပါတယ်
2D animation ကိုပဲ နှစ်သက်တဲ့သူတွေအဖို့ ကြည့်ရမှာ
တမျိုးဖြစ်နေမှာပေမဲ့ ဇာတ်လမ်းလေးကကောင်းတာမို့ စမ်းကြည့်သင့်ပါတယ်
အရင်ကားတွေကိုတော့ nostalgic မဖြစ်စေပေမဲ့
သူ့ပုံစံနဲ့သူ တမျိုးဆွဲဆောင်မှုရှိပါတယ်
ဇာတ်လမ်းလေးကတော့
1990 ကာလတွေက အင်္ဂလန်မှာ စုန်းမတယောက်ဟာ
အခြေအနေတခုကြောင့် သူ့ကလေးကို မိဘမဲ့ဂေဟာမှာထားခဲ့ပြီး
ထွက်ပြေးသွားရပါတယ် သမီးလေးကို earwig ဆိုတဲ့
နာမည်ပေးထားခဲ့ပြီး စာလေးတစောင်နဲ့ ထားခဲ့တယ်
ဒီကလေး ၁၀ နှစ်အရွယ်ရောက်လာတဲ့အချိန်မှာ သူဟာ
ဂေဟာတခုလုံးကို သူ့အလိုကျ စီမံနေနိုင်ပြီးတော့
အမွေးစားခံချင်တဲ့ဆန္ဒမရှိဘဲ ဒီတိုင်းပဲ နေရတာ ပျော်ရွှင်နေပါတယ်
တရက်မှာတော့ ကလေးမွေးစားဖို့လာတဲ့ စုံတွဲတတွဲက
သူ့ကိုမှ မျက်စိကျပြီး မွေးစားဖို့ ရွေးလိုက်ပါတယ် ဖြစ်ချင်တော့
မွေးစားတဲ့သူတွေက စုန်းစုံတွဲဖြစ်နေတာပါပဲ
ဒီလိုနဲ့ earwig တယောက် မွေးစားမိဘအိမ်လိုက်သွားရပြီး
အဲ့အိမ်မှာ သူဗိုလ်ကျနိုင်အောင် ဘယ်လိုကြံစည်ကြိုးစားမလဲ
ဆိုတာကို ကြည့်ရှုအားပေးလိုက်ကြပါဦးဗျာ