Movie Name
Detour(2016)
Year
2016
Generes
Action, Thriller
Code
00798
Type
Movie
Size
695 MB
Country
Hollywood
Description
ဒီဇာတ်ကားလေးကတော့သူငယ်ချင်းကောင်လေးသုံးယောက်အကြောင်းပါ ဇာတ်လမ်းအကျဉ်းလေးက အင်ဒုံကတီဗီအစီအစဉ်တင်ဆက်သူ ဂျောင်ပေးလ်ကကုမ္ပဏီမှာအလုပ်လုက်တယ် ဆုတေးကတော့စာမေးပွဲဖြေဖို့ကိုပြင်ဆင်နေတုန်းပေါ့ သူကဥပဒေကျောင်းတက်ချင်ပေမယ့်မိဘတွေကမတတ်နိုင်လို့အချိန်ပိုင်းအလုပ်လုပ်ရင်းနဲ့ပဲစာမေးပွဲအတွက်ပြင်ဆင်နေရတယ် သူတို့သုံးယောက်မှာအင်ဒုံပဲမိန်းမနဲ့ကလေးရှိတယ်ကျန်တဲ့နှစ်ယောက်ကလူလွတ်တွေ တစ်နေ့တော့သူတို့သူငယ်ချင်းရဲ့အဖေဆုံးလို့ဂျယ်ဂျူးကိုသုံးယောက်သားခရီးထွက်ခဲ့ကြတယ် အဲ့ဒီမှာဂျောင်ပေးလ်နဲ့ဆုတေးကြိုက်ခဲ့ကြတဲ့သူငယ်ချင်းကောင်မလေးရှိတယ် ဆုတေးကတော့သူ့သူငယ်ချင်းချစ်တဲ့သူမို့လက်လျှော့ခဲ့တယ် ဂျောင်ပေးလ်နဲ့ကောင်မလေးကတော့အပြန်အလှန်ချစ်နေကြတာ ဒါပေမယ့်ဂျောင်ပေးလ်ကဖွင့်မပြောရဲဘူး ကောင်မလေးကအထက်တန်းလွှာကမို့လေ ဒီလိုနဲ့ပဲအဲ့ဒီကောင်မလေးကတခြားကောင်လေးနဲ့လက်ထပ်သွားခဲ့တယ် အဲ့ဒီခရီးမှာဂျောင်ပေးလ်နဲ့ဆုတေးအတွက်အချစ်သစ်တေတွေ့ခဲ့ရတာ် ဆုတေးကတော့သူ့ရဲအချစ်ရေးမှာလဲကံမကောင်းတာမို့သတ်သေဖို့ကြိုးစားတယ် အဲ့အချိန်မှာပဲဂျောင်ပေးလ်ကလဲသူအကြောင်းပြချက်မရှိပဲအလုပ်ဖြုတ်ခံရတာကိုပြောပီး အင်ဒုံကလဲသူ့မှာအသည်းကင်ဆာရှိနေတာကိုပြောပီးနှစ်သိမ့်ခဲ့ကြတယ် အဲ့ဒီနောက်သူတို့သူငယ်ချင်းကောင်မလေးနဲ့ပြန်တွေ့ကြတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာဒီဇာတ်ကားလေးမှာကြည့်ကြည့်နော်