-
Movie Name
-
Operation Crouching Wolf (2023)
-
Year
-
2023
-
Generes
-
Action
-
Code
-
CN0914
-
Type
-
Movie
-
Size
-
878 MB
-
Country
-
China
-
Description
-
သူလျိုအဖြစ်နှစ်ပေါင်းများစွာလုပ်ရတယ်ဆိုတာက တကယ်ကိုခက်ခဲပြီး
အဆုံးမှာကိုယ့်ကိုယ်ကိုယ် ဘယ်သူဘယ်ဝါဆိုတာပါမေ့သွားတတ်ပါတယ်တဲ့ ။
ဒီဇာတ်လမ်းလေးကတော့ မူးယစ်ဆေးကုန်သွယ်မှုတွေကို
ဖမ်းဆီးဖို့အတွက်ရဲတွေနဲ့သူလျိုပူးပေါင်းပြီး အမှုလိုက်ကြတဲ့ မှုခင်းကားမျိုးပဲဖြစ်ပါတယ် ။
မူးယစ်ရာဇာဂိုဏ်းကြီးတစ်ဂိုဏ်းက နိုင်ငံခြားကမူးယစ်ဆေးတွေကို
တရုတ်ပြည်တွင်းကိုတင်သွင်းဖို့အတွက် တရုတ်ပြည်တွင်းက
သူတွေနဲ့ပူးပေါင်းပြီး နယ်စပ်မှာ ကုန်ရောင်းကုန်ဝယ်လုပ်လေ့ရှိပါတယ် ။
ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ သူတို့ကုန်သယ်မဲ့သတင်းပေါက်ကြားပြီးတော့
လမ်းမှာပဲ လျို့လောင်စန်းလို့ခေါ်တဲ့သူဆီမှာ အလုခံလိုက်ရပါတယ် ။
နယ်စပ်မှာဖြစ်တဲ့ကိစ္စမလို့ ရဲတွေကလည်းသိသွားပါတော့တယ် ။
အဲဒီလိုနဲ့ရဲမှူးကောင်းလဲချီက လျို့လောင်စန်းရဲ့ငယ်သူငယ်ချင်းဖြစ်သူတဖြစ်လဲ
ထောင်ကျနေ (၈) နှစ်ကြာပြီဖြစ်တဲ့ သာ့ဖေးကို ထောင်ကနေထွက်ချင်ရင်
လျို့လောင်စန်းလုသွားတဲ့ကုန်တွေကိုပြန်ရှာလာခဲ့ဆိုတဲ့
မစ်ရှင်နဲ့အတူ လျို့လောင်စန်းဆီပြန်လွှတ်လိုက်ပါတော့တယ် ။
ဒီလိုနဲ့ ဇာတ်လမ်းလေးထဲမှာ သူဘယ်လိုမျိုးမစ်ရှင်ကိုပြီးအောင်လုပ်မလဲ ?
လျို့လောင်စန်းကိုရော ရဲတပ်ဖွဲ့ကဖမ်းမိနိုင်မလား ?
မူးယစ်ဆေးရောင်းတဲ့ဂိုဏ်းတွေကိုရောဖမ်းမိမလားဆိုတာကို
စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ