Movie Name
Veppam Kulir Mazhai (2024)
Year
2024
Generes
Thriller
Code
IND1226
Type
Movie
Size
896 MB
Country
Bollywood
Description
Veppam Kulir Mazhai (2024) “ရေကြည်တစ်ပေါက်” ပတ်ဝန်းကျင်မှာ မြင်ဖူးနေကျဇာတ်လမ်းကို ခပ်ဆန်းဆန်းပုံဖော်ထားတဲ့ တမီလ်ရုပ်ရှင်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ လိုတာမရ ရတာမလိုဆိုတာလိုပဲ လိုချင်သူတွေကျ နည်းအမျိုးမျိုး ဆေးအဖုံဖုံနဲ့ ကြံဆပေမဲ့ ဘယ်လိုမှမရကြသလို မလိုချင်သူတွေကျပြန်တော့ တားနေတဲ့ကြားက တဖွတ်ဖွတ်ထွက်လာတတ်ကြတာကတော့ ရတနာလို့တင်စားကြတဲ့ သားသမီးရင်သွေးတွေပေါ့။ ဒီဇာတ်လမ်းမှာလည်း အိမ်ထောင်ရက်သားကျလို့ အချိန်တစ်ခုကြာတဲ့အထိ သားသမီးမရတဲ့ လင်မယားစုံတွဲကိုတွေ့ရမှာပါ။ သူတို့လင်မယားက သားသမီးမရတာကို ဘယ်လိုမှမနေပေမဲ့ ပတ်ဝန်းကျင်ရဲ့ သွားပုတ်လေလွင့်ပြောတဲ့ဒဏ်၊ ယောက္ခမဖြစ်သူရဲ့ ပူညံပူညံစကားသံကို နားမခံနိုင်တော့တဲ့ ချွေးမဖြစ်သူရဲ့ ပူပင်သောကဒဏ်တွေနဲ့ လင်မယားနှစ်ယောက် သားသမီးရဖို့အရေး အကြိတ်အနယ် ကြိုးစားကြပုံကို ဇာတ်လမ်း ဇာတ်အိမ် ခပ်ဆန်းဆန်းနဲ့တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။