-
Movie Name
-
Ashes Of Time (1994)
-
Year
-
1994
-
Generes
-
Action, Drama
-
Code
-
04563
-
Type
-
Movie
-
Size
-
810 MB
-
Country
-
China
-
Description
-
Ashes of Time (1994)
===============
IMDb Rating – 7.2/10
#Unicode
ခမ်းနားကြီးကျယ်မှုတွေဟာလည်း အချိန်ကာလရဲ့ တိုက်စားမှုတွေထဲ လွင့်ပျောက်ပျက်ပြယ်ကြရတာပါပဲ။
အချိန်စီးကြောင်းတွေကြား လွင့်မျောပျက်ပြယ်နေကြတဲ့ ပြာမှုန်တွေထဲ အခမ်းနားဆုံးလူသားတွေလည်း
မလွတ်ကင်းခဲ့ပါဘူး။ ဒီရုပ်ရှင်မှာ တရုတ်ပြည်ရဲ့ နာမည်ကျော် Art House Directors ဝေါင်ကာဝေးဟာ
လွင့်ပြယ်ခဲ့ပြီးသား နာမည်ကျော်တွေရဲ့ အတိတ်ဆီ ကျွန်တော်တို့ကို ပြန်ခေါ်သွားမှာပါ။ ကျင်းယုံရဲ့ သူရဲကောင်း
တို့ရဲ့ဒဏ္ဍာရီ ဝါမက်မွန်မြေကချစ်တေးတစ်ပုဒ်လို့ လူသိများတဲ့ The Legend of the Condor Heroesက
ဇာတ်ကောင်တွေကို ကျောရိုးယူထားတဲ့အတွက် မကြည့်ရသေးခင်ကတည်းက ရင်းနှီးနေမှာပါပဲ။ ဒီရုပ်ရှင်ဟာ
mmbus
Timelineအရတော့ တိမ်လွှာနဂါးသူရဲကောင်းများနဲ့ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီတို့ကြား မရှေးမနှောင်းကာလ
လောက်မှာပါ။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီမှာ ပြောပဲပြောပြီးမပြခဲ့တဲ့ လက်ကိုးချောင်းသူဖုန်းစားဂိုဏ်းချုပ်
ဟုန်ချီကုန်းရဲ့ လက်တစ်ချောင်းပြတ်ခဲ့ရတဲ့အကြောင်း၊ဓားမကိုင်ရတဲ့ အကြောင်း၊အိုးရန်ဖုန်နဲ့ သူ့မရီးကြားက
ဖြစ်ရပ်၊ ဟွမ် မက်မွန်ကျွန်းသခင်ဟွမ် မက်မွန်ကျွန်းသခင် ဖြစ်လာရတဲ့အကြောင်းအရင်းတို့ကို။ရိုက်ပြသွားပါတယ်။
အရှေ့ပိုင်းထိပ်သီး မက်မွန်ကျွန်းသခင်ဟွမ် အနောက်ပိုင်းထိပ်သီး အဆိပ်ဘုရင် အိုးရန်ုဖုန်း မြောက်ပိုင်းထိပ်သီး
သူတောင်းစားဂိုဏ်ချုပ် ဟုန်ချီကုန်း တို့ရဲ့ ဆက်ဆံရေးကို အနုပညာအမြောက်ဆုံး တင်ဆက်သွားပါသေးတယ်။
မုယုံယင် ဝါ မုယုံယန်ကနေ တုကူးချိုပိုက်အဖြစ် ပြောင်းသွားတဲ့ ပြိုင်ဘက်မရှိတော့လို့ ငြီးငွေ့နေတဲ့ ရန်ကော်ရဲ့
ဓားနဲ့သိမ်းငှက်ပိုင်ရှင် တုကူးချိုပိုက်ရဲ့ Originကလည်း အတော်စိတ်၀င်စားစရာပါ။ ဒီရုပ်ရှင်ဟာ အိုးရန်ဖုန်းကို
အခြေပြုပြီးကျန်တဲ့ထိပ်သီးတွေအကြောင်းကို Act5ခုခွဲပြီးပြသွားပေမယ့်လို့ ဒီထဲက သိုင်းအကျော်အမော်ကြီးတွေ
အားလုံးဟာကျွန်တော်တို့သိဖူးတဲ့ သူတို့အကြောင်းတွေလို ပြိုင်ဘက်ကင်းဖြစ်နေတဲ့ အချိန်မှာမဟုတ်ပါဘူး။ကစဉ့်
ကလျားဘ၀ကို သူတို့ဘာသာပြန်တည်ဆောက်နေကြတဲ့ ဝါနုသိုင်းသမားပေါက်စလေးတွေဖြစ်နေတဲ့ အချိန်မှာပါ။
ဒီထဲက ဟုန်ချီကုန်းဆို ချောင်ဖုန်းနဲ့တောင် မတွေ့ရသေးသလို သူတောင်းစားဂိုဏ်၀င်လည်းမဟုတ်သေးပါဘူး။
တုကူးချိုပိုက် ကျော်ကြားပြီး နှစ်နည်းနည်းခြားပြီးမှ သူတို့ကထိပ်သီးတွေဖြစ်လာတဲ့အတွက် ဒီရုပ်ရှင်ကနေဆိုသူတို့
လမ်းအရှည်ကြီးလျှောက်ကြရဦးမှာပါ။တိုနီလောင်ချုဝေရဲ့ ဇာတ်ကောင် မျက်မမြင်သိုင်းသမားကတော့ ကျင်းယုံ
ဇာတ်လမ်းတွေမှာ မပါဘူးထင်ပါတယ်။ သတိမထားမိတာလည်းဖြစ်ချင်ဖြစ်ပါမယ်။ သို့ပေမယ့် ဒီဇာတ်ကောင်က
အထူးခြားဆုံးဇာတ်ကောင်ပါပဲ။ တစ်ချို့သူတွေကတော့မခမ်းနားသေးခင်မှာပဲ အချိန်ကာလထဲပျက်ပြယ် ကြရတာပဲ
မဟုတ်လား။
Ashes of Timeဟာ ဝေါင်ကာဝေး ရုပ်ရှင်ပီသစွာပဲ ဒိုင်ယာလော့ပိုင်းနဲ့ ရုပ်ရှင်ဓာတ်ပုံပညာအပိုင်းမှာ အတော်လေးလှပ
ပါတယ်။ တရုတ်ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးဒါရိုက်တာဆုနဲ့ ရုပ်ရှင်ဓာတ်ပုံပညာဆုတွေကိုလည်း ရထားပါတယ်။
Ashes of Timeဟာ လှပတယ် စိတ္တဇဆန်တယ် လျှို့ဝှက်ချက်များတယ်။ ကန္တာရထဲမှာ လောင်ကျွမ်းနေကြတဲ့သူတွေရှိတယ်။
ဆန္ဒထဲမှာ လောင်ကျွမ်းနေကြတဲ့သူတွေရှိတယ်။ သူတို့က ဘာမဟုတ်ခဲ့ကြတဲ့ လူသားကလေးတွေပါပဲ။ သူတို့က ဒဏ္ဍာရီတွေ
လည်း ဖြစ်ခဲ့ကြတယ်။