-
Movie Name
-
The Legend Of Zhuo Hua 2023
-
Year
-
2023
-
Generes
-
Drama, Historical, Romance
-
Code
-
SC0808
-
Type
-
Series
-
Size
-
13.8 GB
-
Country
-
China
-
Description
-
1-40 complete
တိမ်စိုင်ခွင်းမည့် ဆန္ဒတစ်စုံ🕊 Zhuo Zhuo Feng Liu/灼灼风流(2023) "ပျံလွှားငှက်တွေမှာ ကြီးမားတဲ့ရည်မှန်းချက်နဲ့ ဆန္ဒရှိရင်တောင်မှ ကောင်းကင်ပြင်ရဲ့ မြင့်မားတဲ့အရပ်ဆီ ပျံတက်နိုင်စွမ်းမရှိဘူး..."လို့ဆိုတယ် အလားတူ"အမျိုးသမီးတွေဆိုတာ အိမ်ရှင်မလုပ်ပြီးကလေးထိန်းကျောင်းဖို့ပဲ....."လို့ပြောကြပြန်တယ် ဒါဆိုရင်ရော... မင်္ဂလာပါ Soulerလေးတို့ရေ ဒီတစ်ခေါက် SoulKingdom ကနေ မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ မင်းသားချော Fan Shaofeng နဲ့ မင်းသမီးချော Jin Tian တို့ပါ၀င်သရုပ်ဆောင်ထားတဲ့ Zhuo Zhuo Feng Liu ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းရဲ့အညွှန်းလေးကတော့ မင်းနေပြည်တော်နဲ့ အလှမ်းကွာဝေးတဲ့ ကျန်းနန်အရပ်က မိန်းမပျိုလေး Mu Zhuohua ဟာ တခြားမိန်းကလေးတွေနဲ့မတူတစ်မူထူးပြီး မင်းမှုထမ်းတစ်ယောက် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိတဲ့သူပါ။ မိန်းကလေးတွေဆို အရာမသွင်းဘဲနှိမ်ချင်ကြတဲ့ ပတ်၀န်းကျင်မှာ Mu Zhuohuaကတော့ ကြိုးစားအားထုတ်မှုရှိရင် အမျိုးသမီးတွေကလည်း ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်တယ်ဆိုတဲ့အကြောင်း သက်သေပြနိုင်ဖို့ အမြဲကြိုးစားနေတဲ့သူ... Mu Zhuohua ရဲ့ အတိုက်အခိုက်များလွန်းတဲ့ ဘ၀ခရီးလမ်းမှာ ဆူးညှောင့်ခလုတ်တွေကို ဖြေရှင်းပေးပြီးတော့ ပါရမီဖြည့်ပေးမဲ့သူကတော့ စစ်နတ်ဘုရားလို့နာမည်ကြီးတဲ့ စစ်သူကြီး Liu Yan ပါပဲ...... သားရဲတွင်းကြီးပမာ အန္တရာယ်များလွန်းတဲ့နန်းတွင်းမှာ ပထမဆုံးအမျိုးသမီးအမတ်မင်းMu Zhuohuaနဲ့ လူတွေမသိနိုင်တဲ့အခက်အခဲအများကြီးကို ရင်ဆိုင်ဖူးတဲ့ စစ်နတ်ဘုရားကြီးတို့နှစ်ဦးသား သူတို့အလိုရှိသလို သာယာဝပြောပြီးအေးချမ်းတဲ့တိုင်းပြည်ကြီးဖြစ်အောင် စွမ်းဆောင်ပေးနိုင်ပါ့မလား ..... ရင်ခုန်စိတ်လှုပ်ရှားစရာအတက်အကျမျိုးစုံကြားမှာ ကြည်နူးစရာလေပြည်လေးတွေ တိုက်ခတ်ပေးမဲ့ ဒီဇာတ်လမ်းလေးမှာ အတွေ့အကြုံရင့်ပြီးသား နာမည်ကျော်သရုပ်ဆောင်တွေအပြင်When I fly toward you ကကျွန်မတို့ရဲ့ အသည်းကျော် မင်းသားချောလေး Zhuo Yiren ကိုလည်း နန်းတွင်းဒရာမာလေးမှာပထမဆုံးတွေ့ရမှာမလို့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်မှာပါ.... မကြာခင် SoulKingdomကနေ တင်ဆက်ပေးတော့မှာပါ (ဒီဇာတ်ကားလေးရဲ့ အညွှန်းကို ရေးသူကတော့ Blue ဖြစ်ပါတယ်