-
Movie Name
-
Unknown The Series (သူစိမ်းမဟုတ်တဲ့ သူစိမ်း)2024
-
Year
-
2024
-
Generes
-
Drama, Family, Romance
-
Code
-
SC0809
-
Type
-
Series
-
Size
-
3.22 GB
-
Country
-
China
-
Description
-
1-12 complete
အစ်ကိုက ကျွန်တော့်ကို အိမ်ခေါ်လာကတည်းက ညီအစ်ကိုတွေဖြစ်သွားပြီလို သတ်မှတ်ထားခဲ့ပေမဲ့ ကျွန်တော့်ကမ္ဘာကြီးက တစ်ချိန်လုံး အစ်ကိုနောက်ကျောလေးကိုပဲဗဟိုပြုပြီး လည်ပတ်နေခဲ့ရတာ”
BLပရိသတ်တွေရဲ့အချစ်တော် Priestရဲ့ Novelတစ်ခုဖြစ်တဲ့ “大哥 (Da Ge)” ကို ပြန်လည်အသက်သွင်းထားတဲ့ ထိုင်ဝမ် BLဇာတ်လမ်းတွဲလေးကို ညွှန်းပေးချင်ပါတယ်။
ဆယ်ကျော်သက်ကလေးဘဝအရွယ်မှာ မိဘမဲ့ဖြစ်ခဲ့ရတဲ့ Wei Qianဟာ အဖေတူအမေကွဲညီမလေးနဲ့အတူ ဘဝကို ရုန်းကန်နေရင်း လမ်းမှားရောက်နေတဲ့ကောင်လေးတစ်ယောက်ကို အိမ်ခေါ်လာပြီး Xiao Yuanလို နာမည်ပေးခဲ့တယ်။
ပိုက်ဆံကိုသာ ကြိုးစားရှာဖွေချင်ပြီး နာမည်တစ်လုံးနဲ့ အောင်မြင်သူဖြစ်စေရမယ်လို အိပ်မက်ရှိတဲ့ Wei Qianဟာ ရရာအလုပ်လုပ်ရင်း ကြိုးစားခဲ့တယ်။
ကြိုးစားမှုတွေအရာထင်ပြီး အောင်မြင်မှုလမ်းစကိုရှာတွေ့တဲ့အချိန် သွေးမတော်သားမစပ်တဲ့ သူ့ညီ XiaoYuanက ရူးသွပ်သွားလိမ့်မယ်လို ဘယ်ထင်ခဲ့မိပါ့မလဲ။
Xiao Yuanက ယောက်ျားလေးတွေကိုကြိုက်တဲ့အပြင် အစ်ကိုဖြစ်တဲ့သူ့ကို သဘောကျနေပါသတဲ့။ အဲဒီလိုနဲ့ “ပိုက်ဆံသည်သာ အဓိက” ဆိုတဲ့ Wei Qianရဲ့ဘဝဟာ ကမောက်ကမတွေဖြစ်လာတော့တယ်။
ညီအစ်ကိုဆိုပေမဲ့ ညီအစ်ကိုအရင်းမဟုတ်ကြတဲ့ သူတို၂ဦး အဆုံးသတ်မှာ ဘယ်လိုဖြစ်သွားကြမလဲ။