Movie Name
Best Choice Ever (မေတ္တာရောင်ပြန်) 2024
Year
2024
Generes
Drama, Family, Romance
Code
SC0811
Type
Series
Size
11.7 GB
Country
China
Description
1-37 complete ဒီကားလေးကတော့ တရုတ်ဇတ်လမ်းတွဲတွေကြည့်နေကျ ပရိသတ်တွေမစိမ်းမဲ့ နာမည်ကြီးတွေဖြစ်ကြတဲ့ မင်းသမီးမမ YangZi နဲ့ မင်းသားကိုကို Xu Kai တိုလိုက်ဖက်ညီညီပါဝင်သရုပ်ဆောင်ထားတဲ့ မိသားစု drama ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်ရှင် ။ ဇာတ်လမ်းအညွှန်းလေးအနေနဲ့တော့ : ရှန်ဟိုင် “Mai” မိသားစုကနေ မွေးဖွားလာတဲ့ 90ခုနှစ်ဖွား Mai Cheng Huanလိုခေါ်တဲ့ကောင်မလေးက မိဘစကားအရမ်းနားထောင်ရပါတယ် ။ အဲဒီလိုနဲ့သူ့မာမီရဲ့တိုက်တွန်းမှုကြောင့်ပဲ ချစ်သူဖြစ်သူ Xin Jia Liang ကိုလက်ထပ်ခွင့်အရင်တောင်းလိုက်ရပါတော့တယ် ။ ဒါပေမဲ့ Xin မိသားစုရဲ့စီးပွားရေးကကောင်းမွန်နေချိန်ဆိုတော့ Mai Cheng Huan နဲ့ Xin Jia Liang ကြားက ဆက်ဆံရေး‌ဟာကလည်း မိခင်ဖြစ်သူရဲ့အလွန်အမင်းဝင်ရောက်စွပ်ဖက်မှုကြောင့် ကတောက်ကဆလေးတွေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ Mai Cheng Huan ဟာ သူ့မအပေါ်သူမသစ္စာရှိမှုနဲ့အမေဖြစ်သူရဲ့ဆန္ဒကိုလိုက်ရောပေးမှုကြားမှာ လွန်ဆွဲရင်းနည်းလမ်းရှာဖွေရပါတယ် ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ သူမအမေရဲ့အလွန်အမင်းကြီးကြပ်မှုအောက်ကနေရုန်းထွက်ပြီး အလုပ်မှာအာရုံစိုက်ပြီးလုပ်နိုင်လာခဲ့ပါတယ် ။ Mai Cheng Huan ရဲ့ပြောင်းလဲလာပုံကို အဘွားဖြစ်သူကအသိအမှတ်ပြုခဲ့ပြီး အရမ်းဖိအားများတဲ့ hotel management ရာထူးကိုတစ်ခါတည်းထမ်းဆောင်စေချိန်မှာတော့…. အဲဒီ hotel က professional manager တစ်ဦးဖြစ်တဲ့ Yao Zhi Ming နဲ့ ပူးပေါင်းပြီး အတူတူလက်တွဲလိုင်ရပါတော့တယ် ။ အလုပ်ဖော်လည်းဖြစ် “Mai” တစ်မိသားစုလုံးနဲ့ရင်းနှီးနေတဲ့ Yao Zhi Ming က Mai Cheng Huan နဲ့လက်တွဲဖိုဆိုတာဖြစ်နိုင်ပါ့မလား ။ ကိုယ်ဒူးထောက်ထားရတဲ့အချိန်ကနေ ဦးမော့နိုင်တဲ့အချိန်အထိဘေးကနေ အတူအဖော်ပြုပေးခဲ့တဲ့ Yao Zhi Ming ကိုရော Mai Cheng Huan ကရွေးချယ်ပါ့မလားဆိုတာ ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်ရှင် ။