Movie Name
Under The Gun (2024)
Year
2024
Generes
Romance
Code
SKR0981
Type
Series
Size
821 MB
Country
Korea
Description
1-6 complete ဒီလထဲမှာထွက်ရှိလာတဲ့ Mini-Series လေးတစ်ခုကို CM ပရိသတ်တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းထဲမှာတော့ SF9 အဖွဲ့ဝင် Zuho က အထက်တန်းကျောင်းသား ဂိုဂွန်းအဖြစ် Main Role အနေနဲ့ ပါဝင်ထားပြီး မင်းသမီးက Jo Soo Min နဲ့ Second Lead အဖြစ် မင်းသား Seo Ji Won တို့ ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးကတော့ Romance, Youth အမျိုးအစားဖြစ်ပြီး လောင်းကစားကြောင့် ပျက်စီးဆုံးရှုံးမှုတွေကြုံတွေ့ရတဲ့ မိသားစုတစ်စုအကြောင်းကိုပါ ထည့်သွင်းရိုက်ကူးပြထားပါတယ် ဇာတ်လမ်းအကျဉ်း… ဂိုဂွန်းက အထက်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး ကျောင်းမှာ ဇွန်ဘီလို့နာမည်ပြောင်ရထားတဲ့အထိ အေးစက်စက်မျက်နှာသေနဲ့ နေတတ်သူပါ မိသားစုစီးပွားပျက်သွားတာမို့လို့ အိမ်အတွက် ဝင်ငွေရှာဖွေဖို့ အချိန်ပိုင်းအလုပ်တွေကို မအိပ်မနေလုပ်တဲ့ ဂိုဂွန်းအတွက် ကျောင်းစာသင်ခန်းကတော့ အိပ်ခန်းတစ်ခုလိုဖြစ်နေခဲ့တယ် ဒီလိုနဲ့ တစ်နေ့မှာတော့ ချာဆယ်ယောင်းဆိုတဲ့ကျောင်းသူအသစ်တစ်ယောက် ကျောင်းပြောင်းလာခဲ့တယ် LA ကနေကျောင်းပြောင်းလာတဲ့ ကျောင်းသူချောချောလေးက ဂိုဂွန်းကို မြင်မြင်ချင်းစိတ်ဝင်စားသွားပြီးတော့ ဂိုဂွန်းအနားမှာ တောက်တဲ့လေးလို ကပ်လိုက်နေခဲ့တယ် လူတွေကို စကားမပြော အဖက်မလုပ်ဘဲ အေးစက်စက်နေတဲ့ ဇွန်ဘီဂိုဂွန်းကရော ဒီကျောင်းသူသစ်လေးကို ပြန်ပြီးစိတ်ဝင်စားလာမလား မိသားစုအတွက်ရော အခက်အခဲတွေကြားက ဘယ်လိုကြိုးစားရုန်းကန်မလဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်