Movie Name
Goodbye Earth (2024)
Year
2024
Generes
Drama, Sci-Fi, Thriller
Code
SKR0982
Type
Series
Size
5.37 GB
Country
Korea
Description
1-12 complete ရက် ၂၀၀ အတွင်း ကမ္ဘာပျက်မယ်ဆိုရင် သင်ဘာလုပ်မလဲ” ဂျပန်၀တ္ထုကို အခြေခံရိုက်ကူးထားပြီး Netflix ကနေ ထုတ်လွှင့်သွားမဲ့ ဒီစီရီးမှာတော့ တစ်နှစ်တာအကောင်းဆုံးဇာတ်လမ်းတွဲဆုကိုရရှိသွားခဲ့တဲ့ “My Dearest” ထဲက မင်းသမီး Ahn Eun-Jin ၊ “Seoul Vibe, Hellbound ” ထဲက Yoo Ah-in ၊ “The Fiery Priest” ထဲက ဖာသာလေးဖြစ်တဲ့ Jeong Sung-Woo ၊ “Shooting Star” ထဲက Kim Yoon-Hye တို့အပြင် ဝါရင့်အနုပညာရှင်ကြီးတွေ ပါဝင်ထားပါတယ်။ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဟာ ကမ္ဘာကြီးပေါ်ကို ရက် 200 အတွင်းကျရောက်ပြီး ကမ္ဘာကြီးပျက်သုဥ်းတော့မယ်လို့ လူသားတွေသိသွားကြတဲ့အခါမှာ ကမ္ဘာမြေကြီးမှာ ဝရုန်းသုန်းကားတွေ ဖြစ်သွားပါတော့တယ်။ ဒီသတင်းကို သိသွားတဲ့အချိန်မှာတော့ အလယ်တန်းဆရာမလေး တစ်ယောက်ဖြစ်တဲ့ Jin Se-Kyung (Ahn Eun-Jin) ဟာ အန္တရာယ်ကျရောက်နေတဲ့ကလေးတွေကို ကယ်တင်ဖို့အတွက် ကျောင်းဆရာမအလုပ်ကနေထွက်ပြီးတော့ မြို့တော်ခန်းမရဲ့ ကလေးသူငယ်စောင့်ရှောက်ရေးဌာနမှာ လုပ်အားပေးဝင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ သူမရဲ့ချစ်သူ Ha Yoon-Sang (Yoo Ah-In) ကတော့ အမေရိကမှာရှိတဲ့ ဇီဝနည်းပညာ အဖွဲ့အစည်းရဲ့ သုတေသနပညာရှင်ဖြစ်ပြီးတော့ ကမ္ဘာကြီးပျက်သုဥ်းတော့မယ့် သတင်းကိုကြားပြီးနောက် ချစ်ရသူနဲ့အတူ နေထိုင်ဖို့ ကိုရီးယားကို ပြန်လာပါတော့တယ်။ ဒီသတင်းကိုကြားပြီး ဘုရားကျောင်းရဲ့ အုပ်ချုပ်သူ ဘုန်းတော်ကြီး ထွက်ပြေးသွားတာကြောင့် လက်ထောက်ဘုန်းတော်ကြီးဖြစ်တဲ့ Woo Sung-Jae (Jeong Sung-Woo) ကတော့ ဘုရားကျောင်းတက်တဲ့သူတွေကို တာဝန်ယူနေရပြီးတော့ Kang In-A (Kim Yoon-Hye) ကတော့ ပရမ်းပတာတွေဖြစ်နေတဲ့ အွန်းချွန်းမြို့ကို ကူညီထောက်ပံ့ပေးဖို့အတွက် တာဝန်ကျတဲ့ အထူးတပ်ဖွဲ့ထဲက တစ်ယောက်ပဲဖြစ်ပါတယ်။ ကမ္ဘာကြီးပျက်စီးတော့မှာကို သိသွားကြတဲ့အခါမှာ လူသားတွေ သောကတွေကြောင့် ဖိစီးပြီး စိတ်ဓာတ်ရေးရာတွေပြောင်းလဲသွားကြတာကို သရုပ်ဖော်ထားပြီးတော့ ကိုယ်ကျိုးစွန့်ပြီး ကလေးတွေကိုကာကွယ်မယ့် ဆရာမ၊ ကိုယ့်ရဲ့ပူဆွေးမှုကိုမြိုသိပ်ပြီး ဘုရားကျောင်းတက်တဲ့သူတွေကို စောင့်ရှောက်မယ့် ဖာသာ၊ ပျက်စီးနေတဲ့မြို့ကို ကာကွယ်ထောက်ပံ့ပေးမဲ့ သန်မာတဲ့အထူးတပ်သား သူတို့တွေ ကြုံတွေ့ရမယ့်အခက်အခဲတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြသလဲဆိုတာကို CMကနေ ကြည့်ရှုခံစားလိုက်ကြရအောင်ပါ…..