-
Movie Name
-
My Marvellous Fable (ချစ်ရသူထံသို ပေးသောစာလွှာ) 2024
-
Year
-
2024
-
Generes
-
Drama, Fantasy, Romance
-
Code
-
SC0813
-
Type
-
Series
-
Size
-
4.75 GB
-
Country
-
China
-
Description
-
1-24 complete
စန်းကွမ်းယဥ်ကျေးမှုပုံနှိပ်တိုက်ရဲ့ အလုပ်သင်အယ်ဒီတာလေး ဖုန့်ထျန်းလန်အတွက် အလုပ်စစဝင်ချင်းမှာ လုပ်ရမယ့် အလုပ်က လူဆိုးမလို အားလုံးက နာမည်ပြောင်ပေးထားတဲ့ ထိပ်တန်းစာရေးဆရာ စာရင်းဝင် နာမည်ကြီးစာရေးဆရာမ ဝမ်ဖူထောင်ဆီကနေ စာမူကြမ်းရအောင် တောင်းဖိုပဲ ဖြစ်ပါတယ်။
စာမူလိုက်တောင်းတဲ့ ဖုန့်ထျန်းလျန်ကို ဝမ်ဖူထောင်က အပေးအယူအနေနဲ့ သူ့ကို မွေးရပ်မြေ ချုံဟိုင်ကအိမ်ကို ပြန်လိုက်ပိုပေးရင် လမ်းတစ်လျှောက်မှာ စာမူထဲမှာပါတဲ့ ဇာတ်လမ်းတစ်ခုလုံးကို ပြောပြမယ်လို ကတိပေးခဲ့ပါတယ်။
ဒီခရီးစဥ်ဟာ ပေကျင်းကနေချုံဟိုင်ထိ မိုင်ပေါင်း ၂၇၀၀ ဝေးတဲ့ ခရီးကို ကားနဲ့သွားရမဲ့ ခရီးဖြစ်ပေမဲ့ စာမူရမှဖြစ်မှာမို ဖုန့်ထျန်းလန်တစ်ယောက် မတတ်သာပဲ လိုက်ပိုခဲ့ရပါတယ်။
တကယ်တော့ ပေကျင်းမှာ ဘဝကို နှစ်ပေါင်းများစွာရုန်းကန်နေတဲ့ ဝမ်ဖူထောင်တစ်ယောက် အိမ်မပြန်တာနှစ်တော်တော်ကြာပြီဖြစ်သလို ဖခင်ဖြစ်သူနဲ့လည်း အဆက်အသွယ်ဖြတ်ထားသလိုဖြစ်နေခဲ့တာပါ။
ဒီတစ်ခါမှာတော့ ဖခင်ဖြစ်သူဟာ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရပြီဆိုတာ သိလိုက်ရတာကြောင့် ဝမ်ဖူထောင်တစ်ယောက် မဖြစ်မနေဇာတိပြန်ဖို ပြန်လာခဲ့ပေမဲ့ ရသလောက်အချိန်ဆွဲထားချင်တာကြောင့် ဒီခရီးတစ်လျှောက် ဖုန့်ထျန်းလန်ကို ကားနဲ့လိုက်ပိုခိုင်းခဲ့တာပဲ ဖြစ်ပါတယ်။
လမ်းတစ်လျှောက်မှာ ဝမ်ဖူထောင်ရေးတဲ့ဇာတ်လမ်းထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေကနေတစ်ဆင့် ဝမ်ဖူထောင်ရဲ့ အတိတ်အကြောင်းတွေကို သိလာရတဲ့ ဖုန့်ထျန်းလန်ဟာ ဝမ်ဖူထောင်သူ့ကိုဘယ်လိုပဲ ပညာပြပြ အကုန်လိုက်လျောပေးနေခဲ့ပါတယ်။
ဒါကြောင့် ဖုန့်ထျန်းလန်ဟာ သူ့ကို ကြိုက်နေတာများလားဆိုပြီး ဝမ်ဖူထောင်တစ်ယောက်သံသယဝင်လာခဲ့တဲ့အခါ သူတိုနှစ်ယောက် တကယ်ပဲ ချစ်သူတွေဖြစ်သွားကြမှာလား
ဖူထောင်နဲ့ သူ့အဖေ ပြန်အဆင်ပြေအောင် ဖုန့်ထျန်းလန်တစ်ယောက် ကြားထဲက ဘယ်လိုဖျန်ဖြေပေးမလဲဆိုတာတော့ ဒီဇာတ်လမ်းတွဲလေးမှာ အားပေးကြပါဦးနော်