-
Movie Name
-
Humane (2024)
-
Year
-
2024
-
Generes
-
Horror, Thriller
-
Code
-
EN4095
-
Type
-
Movie
-
Size
-
507 MB
-
Country
-
Hollywood
-
Description
-
Humane ဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်မှာ
အသစ်ထွက်ရှိထားတဲ့ Horror, Thriller ရုပ်ရှင်
အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Caitlin Cronenberg က
ရိုက်ကူးပေးထားပြီး Jay Baruchel ၊ Emily Hampshire နဲ့
Sebastian Chacon တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
သည်းထိတ်ရင်ဖိုဇာတ်လမ်းကိုမှ မိသားစု Drama အမျိုးအစားပါ
ပေါင်းစပ်ပါဝင်နေပြီး ဇာတ်ကောင်တွေဟာ ကိုယ်တိုင်အသက်
ရှင်ခွင့်ရဖို့အတွက် တစ်ကိုယ်ကောင်းဆန်ပြီးသတ်ဖြတ်ကြပုံတွေကို
ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
***************
ကမ္ဘာကြီးက ဂေဟဗေဒဆိုင်ရာပျက်ကပ်နဲ့ကြုံတွေ့လာရတာကြောင့်
ကမ္ဘာခေါင်းဆောင်တွေဟာ ကမ္ဘာမြေရဲ့လူဦးရေကိုလျှော့ချဖို့
သဘောတူညီချက်တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။
ဒီသဘောတူညီချက်အရ နိုင်ငံတိုင်းဟာ သတ်မှတ်ထားတဲ့
အချိန်ကာလအတွင်းမှာ သတ်မှတ်ထားတဲ့လူဦးရေလျှော့ချမှုကို
ပြည့်မီအောင်လုပ်ဆောင်ကြရမှာပါ။ ဒီအတွက်
နိုင်ငံသားတွေက မိမိတို့ဆန္ဒအလျောက်ဇီဝိန်ခြွေခံဖို့ လာရောက်
စာရင်းပေးကြရမှာဖြစ်ပြီး စာရင်းပေးသူတိုင်းကိုလည်း
ဆုငွေပြန်လည်ပေးအပ်မှာဖြစ်ပါတယ်။ ဂုဏ်သိက္ခာကြီးမားပြီး
ချမ်းသာကြွယ်ဝတဲ့ယော့ခ်မိသားစုဝင်တွေဟာ စာရင်းပေးတာက
သူတို့နဲ့မသက်ဆိုင်တဲ့အရာတစ်ခုလိုခံယူထားခဲ့ပေမယ့်
အငြိမ်းစားသတင်းတင်ဆက်သူဖြစ်တဲ့ ဖခင်ကြီးမစ္စတာယော့ခ်က
ရုတ်တရက်စာရင်းပေးခဲ့ပါတယ်။ သားသမီးတွေကိုကြိုတင်မပြောဘဲ
ဇီဝိန်ခြွေမယ့်ဝန်ထမ်းတွေရောက်လာမယ့်အချိန်မှာမှ
သားသမီးတွေကိုနောက်ဆုံးညစာအတူစားဖို့ဖိတ်ရင်းပြောပြခဲ့ပြီးတဲ့နောက်
မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ်။