-
Movie Name
-
Sayen: The Huntress (aka) Sayen: La Cazadora (2024)
-
Year
-
2024
-
Generes
-
Action
-
Code
-
EN4096
-
Type
-
Movie
-
Size
-
887 MB
-
Country
-
Hollywood
-
Description
-
အသစ်ထွက်ရှိထားတဲ့ စပိန်အက်ရှင်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်က ရှေ့မှာထွက်ရှိထားတဲ့ Sayen နဲ့ Sayen : Desert Road တို့ရဲ့အဆက်ပါ။
ချီလီနိုင်ငံမှာ ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချီလီနိုင်ငံမှာ ရေသယံဇာတနဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာဖြစ်ရပ်တွေဖြစ်ပေါ်နေပြီး ဒီဖြစ်ရပ်တွေကိုထိန်းပေးဖို့အတွက် ချီလီသမ္မတနိုင်ငံ အထက်လွှတ်တော်ကနေ ရေသယံဇာတအတွက် ဥပဒေမူကြမ်းတစ်ခုကို တင်သွင်းပြဠာန်းဖို့ရှိနေပါတယ်။ ဒီကိစ္စထဲမှာ ဂရင်းကော်ပိုရေးရှင်းလို့ခေါ်တဲ့ နိုင်ငံတကာကုမ္ပဏီတစ်ခုက ပါ၀င်ပတ်သက်နေပြီး ရေသယံဇာတကိုလက်ဝါးကြီးအုပ်အမြတ်ထုတ်ချင်တဲ့ ဒီကုမ္ပဏီဟာ ချီလိီအထက်လွှတ်တော်ရဲ့ အမတ်တွေကို လာဘ်ထိုးပြီး မဲခွဲဆုံးဖြတ်တဲ့နေရာမှာ အနိုင်ရဖို့အတွက် မသာမာတဲ့နည်းနဲ့ကြိုးစားနေပါတယ်။
ဆာယန်းဆိုတဲ့အမျိုးသမီးကတော့ ချီလီနိုင်ငံရဲ့ ဂေဟ-အကြမ်းဖက်သမားလို့ အမည်တပ်ခံထားရတဲ့ တိုက်ခိုက်ရေးသမားတစ်ဦးပါ။ ဆာယန်းဟာ သူမအပေါ် မှားယွင်းစွပ်စွဲပြောဆိုခံရမှုတွေကို ပြန်လည်ဖြေရှင်းဖို့ နဲ့ ဂရင်းကော်ပိုရေးရှင်းရဲ့ မသာမာတဲ့လုပ်ရပ်တွေကို တားဆီးနိုင်ဖို့အတွက် နည်းပညာရှင် ဟက်ကာအဖွဲ့တစ်ခုနဲ့ပေါင်းပြီး ဂရင်းကော်ပိုရေးရှင်းရဲ့အကြံအစည်တွေကို လိုက်လံစုံစမ်းရင်း အမှန်တရားကိုဖော်ထုတ်ဖို့ရာ ကြိုးစားပါတော့တယ်။