Movie Name
Finding Neverland (2004)
Year
2004
Generes
Biography, Drama, Family
Code
04567
Type
Movie
Size
902 MB
Country
Hollywood
Description
Finding Neverland(2004) IMDb…7.7,,,,Rotten…88% (အတော်ကြီးလန်းတဲ့ကားမို့ Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်…) ဒီတစ်ခေါက်မှာတော့ ကားကောင်းကားဟောင်းတစ်ခုဖြစ်တဲ့ Johnny Depp နဲ့ Kate Winslet တို့ရဲ့ Finding Neverland ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Finding Neverlandဟာ ပြဇာတ်ရေးဆရာ J.M Barrie (Johnny Depp) နှင့် Peter Pan ဆိုတဲ့ ဇာတ်ကောင်ကို ဖန်တီးဖြစ်စေခဲ့တဲ့ မိသားစုတစ်ခုကြားက ဆက်နွယ်မှုကို ရိုက်ကူး‌ပုံဖော်ထားတာဖြစ်ပြီး ဆုပေါင်းများစွာ Oscar Nomination ဝင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သာမာန်ကြည့်နေကြ စိတ်အပန်းဖြေစရာ မိသားစုအပျော်ကြည့် ဇာတ်ကားတစ်ကားတော့မဟုတ်ပါဘူး။ . ရိုးရှင်းသလိုနဲ့ ရှုပ်ထွေးလှတဲ့ မေတ္တာတရားတွေ ဒီဇာတ်လမ်းထဲပါဝင်ပါတယ်။ Neverland ဘယ်မှာရှိတယ်ဆိုတာကို ရှာဖွေတဲ့ ဇာတ်ကားလည်းမဟုတ်ပြန်ပါဘူး။ တစ်နေရာမှာ သေချာပေါက်ရှိနေပြီး ပျောက်ဆုံးနေတယ်လို့ တွေးမိနေတဲ့ mmbus ပျော်ရွှင်မှုအစစ်အမှန်ကို ကျွန်တော်တို့လို သာမာန်လူတစ်ယောက်က ရှာဖွေတွေ့ရှိသွားတဲ့အကြောင်းပါပဲ။ ကျွန်တော်တို့တတွေလည်း ယနေ့အထိ ပျော်ရွှင်မှုအစစ်အမှန်ကို ရှာဖွေနေရဆဲပဲမဟုတ်လား။ ဇာတ်လမ်းအကျဉ်းကတော့… ပျင်းရိဖွယ်ပြဇာတ်တွေကိုသာ ဖန်တီး‌မိနေတဲ့ ပြဇာတ်ရေးဆရာ J.M Barrie ဟာ တရက်မှာတော့ ပန်းခြံထဲသွားရင်း ကလေးလေးယောက်မိခင် မုဆိုးမ Sylvia နဲ့ တွေ့ဆုံခဲ့ပါတယ်။ တရက်ထက်တရက် ခင်မင်ရင်းနှီးမှုတွေ တိုးပွားလာပြီး ကလေးလေးယောက်ရဲ့ ဖခင်တစ်ယောက်ပမာ သူ့ရဲ့ အချိန်အများစုကို ကလေးတွေနဲ့ပဲ အချိန်ဖြုန်းဖြစ်နေပါတယ်။ J.M Barrie ရဲ့ဇနီးဖြစ်တဲ့ Mary ဟာ အဲဒီလို အခြားမိသားစုတစ်စုနဲ့ ချည်းအချိန်ဖြန်းနေခြင်းကို မကြည်လင်ဖြစ်ကာ သူမနဲ့ အဲဒီမိသားစု တစ်ခုခုကို ရွေးချယ်ခိုင်းလိုက်တာကစပြီး J.M Barrie ရဲ့ နာမည်ကြီးဇာတ်ကောင် တစ်ခုစတင်ဖို့အကြောင်းဖန်လာပါတော့တယ်…ဘာတွေဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး….