Movie Name
A Light Never Goes Out (2022)
Year
2022
Generes
Drama
Code
CN0923
Type
Movie
Size
832 MB
Country
China
Description
A Light Never Goes Out (2022) ====================== IMDb – 6.3/10 ဒီတစ်​ခေါက်မိတ်ဆက်​ပေးမှာက​တော့ LED ဆိုင်းဘုတ်​ခေတ်​မစားခင်​ခေတ်က အဏုမြူ​ချောင်း​တွေနဲ့ဆိုင်းဘုတ်​​​တွေနဲ့ ​ဟောင်​ကောင်မြို့လမ်း​ပေါ်ကို အလင်း​ရောင်စုံ​ပေးခဲ့တဲ့သူ​တွေကို ​ဂုဏ်ပြုတဲ့အ​နေနဲ့ ရိုက်ကူးပြထားတဲ့ ​ဟောင်​ကောင်ဒရာမာကား​ကောင်း​လေး A Light Never Goes Out ပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ​ဟောင်​ကောင်ရဲ့ ဥပ​ဒေအသစ်​ကြောင့် လမ်းမ​ပေါ်က အဏုမြူဆိုင်းဘုတ်အများစု ဖြုတ်ချခံရလိုက်ပြီး LED ဆိုင်းဘုတ်​တွေ အစားထိုးလာတာ​ကြောင့် အဏုမြူ​ဆိုင်းဘုတ် ​​ဘေလ်တစ်​ယောက် စီးပွား​ရေးဆုတ်ယုတ်လာပြီး ​နောက်ဆုံးအလုပ်တစ်ခုကိုလုပ်ရင်း ရုတ်တရက်ဆုံးပါးသွားပါတယ် ​​ဘေလ်ရဲ့ ဇနီးဖြစ်သူ ဟွမ်တစ်​ယောက် ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီး​နောက် အတိတ်ကအမှတ်တရ​တွေကို သတိရရာက​နေ အလုပ်ရုံအသွား ​ဘေလ်ရဲ့ တပည့်ဆိုသူ လီယိုနဲ့​တွေ့ဆုံခဲ့ပြီး​နောက် ​ဘေလ်တစ်​ယောက် အပြီးမသတ်လိုက်ရတဲ့ ဆန္ဒတစ်ခုရှိ​ကြောင်းသိလိုက်ရပါတယ် ခင်ပွန်းသည်ရဲ့ ​နောက်ဆုံးဆန္ဒကို ဖြည့်ဆည်း​ပေးချင်တာ​ကြောင့် ဟွမ်တစ်​ယောက် လိုက်စုံစမ်းရင်း အရင် အတိတ်ကအမှတ်တရ​လေး​တွေပါ စုမိသလိုဖြစ်လာပါတယ် အမှတ်တရ​တွေမှာ ​​ပျော်စရာ ဝမ်းသာစရာ ဝမ်းနည်းစရာ​တွေနဲ့ ပြည့်နှက်​နေတာ​လေးကို ကြည့်ရှုသူကို မျိုးစုံရသ​ပေးနိုင်​အောင် ရိုက်ပြထားတဲ့ ဒရာမကား​ကောင်း​လေးပဲဖြစ်ပါတယ်