-
Movie Name
-
Pegasus (2019)
-
Year
-
2019
-
Generes
-
Action, Comedy, Sport
-
Code
-
CN0926
-
Type
-
Movie
-
Size
-
1.49 GB
-
Country
-
China
-
Description
-
ဒီကားလေးဟာ2019 februaryလမှထွက်ရှိထားတဲ့ဇာတ်ကားသစ်လေးဖြစ်ပါတယ်..
Imdb6.4ရရှိထားပြီး chinese box officeမှာ$255millionထိ ဝင်ငွေရရှိထားပါတယ်..
5ကြိမ်ဆက်တိုက်ပြိုင်ကားမောင်းချန်ပီယံဖြစ်ခဲ့တဲ့ကျန်းချေတစ်ယောက်ဟာ
တရားမဝင်ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်မိရာမှရဲတွေရဲ့ချောင်ပိတ်ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်…
သူ့ရဲ့ပြိုင်ပွဲဝင်ခွင့်ပိတ်သိမ်းခံရတဲ့အပြင် ယာဉ်မောင်းလိုင်စင်ပါပိတ်သိမ်းခံလိုက်ရပါတယ်..
ဒီလိုနဲ့၅နှစ်ကြာ ထမင်းကြော်ရောင်းပြီးဇာတ်မြှုပ်နေခဲ့ရင်း
လူငယ်မျိုးဆက်တွေမှာသူ့လိုပဲ၅နှစ်ဆက်တိုက်ပြိုင်ကားမောင်း
ချန်ပီယံဖြစ်လာတဲ့လင်ကျိန့်တုံးကိုတွေ့မြင်မိရာကနေ
ပြိုင်ပွဲတစ်ဖန်ပြန်ဝင်လိုစိတ်တွေဖြစ်ပေါ်လာပြီး ပြိုင်ပွဲဝင်ခွင့်ရဖို
့ပြန်လည်ကြိုးစားပါတော့တယ်… ဒီလိုနဲ့ပြိုင်ပွဲဝင်ခွင့်ရဖို့
ယာဉ်မောင်းလိုင်စင်ပြန်ဖြေဆိုရချိန်မှာဘယ်လိုအခက်အခဲတွေကြုံရမလဲ..
ပြိုင်ပွဲဝင်ဖို့ ပြိုင်ကားအဆင်သင့်မရှိ…ကားအလန်းဆင်ဖို့ရာလည်း
ငွေကြေးထောက်ပံမယ့်သူမရှိ..သူ့နောက်မှာဘယ်အဖွဲ့အစည်းမှ
မရပ်တည်ပေးချိန်..ပြိုင်ပွဲဝင်ဖို့ ကားငှါးစင်တာကတောင်
နာမည်ပျက်ရှိတဲ့သူ့ကိုကားမငှါးပေးတော့တဲ့အခါ..
သူ့ရဲ့လမ်းညွှန်တွဲဖက်ဖြစ်တဲ့ယွီရှန်နဲ့ စက်ပြင်သမားကျိရှင်းတို့နဲ့အတူ
အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ…
အခက်အခဲမျိုးစုံကြုံတွေ့ချိန်မှာတောင်အားမလျှော့ပဲ
ကြိုးစားကြပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်…
ပြိုင်ကားမောင်းခရေဇီတွေအတွက်တော့ အကြိုက်တွေ့စေမယ့််ဇာတ်ကားတစ်ပုဒ်ပါပဲ..