Movie Name
Naam Katra Isai (2024)
Year
2024
Generes
Drama
Code
IND1251
Type
Movie
Size
819 MB
Country
Bollywood
Description
Naam Katra Isai (2023) “ကျော်စောမှု” ဒရာမာကြိုက်တဲ့ ပရိတ်သတ်တွေအကြိုက် တမီးလ် ဒရာမာကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ရိုးရိုးရှင်းရှင်း ဇာတ်လမ်းလေးတစ်ပုဒ်ကို အပိုစာသားတွေ အိုဗာဖြစ်တာတွေ မပါအောင်ရိုက်ထားတဲ့ ဇာတ်လမ်းလေးပါ လက်ခ်ရှယာဆိုတဲ့ ရိုးရိုးအအ ကောင်မလေးက ဂီတကို ဝါသနာပါပြီး ကားဝပ်ရှော့ဆိုင်က လူလတ်တန်းစား ကောင်လေးနဲ့ ချစ်သူလို မောင်နှမလို ဆက်ဆံရေးမျိုးရှိပါတယ် သီချင်းဆိုပြိုင်ပွဲမှာ သွားအရွေးခံပေမယ့် ဒိုင်ကအဝတ်အစားနဲ့ ပတ်သက်လို့ အရှက်ရအောင် ပျစ်ပျစ်နှစ်နှစ် ဝေဖန်တာကို ခံလိုက်ရပြီး သနားစိတ်ဝင်သွားတဲ့ ကောင်လေးက လက်ခ်ရှာယာ ကိုယ်ပိုင်သီချင်းဆိုခွင့်ရဖို့ ကူညီပေးမယ် လုပ်ရင်းမှ… လူလတ်တန်းစားအဖို့ တေးသံသွင်းတဲ့အခါ ကြုံရတဲ့ အခက်အခဲတွေ စွန့်စားရပုံတွေသာမက ထင်ပေါ်ကျော်ကြားမှုအတွက် အစားထိုးပေးလိုက်ရတဲ့ ကိုယ်ကျင့်တရားနဲ့ ပင်ကိုဘဝနေထိုင်မှု စတာတွေကိုပါ အဖက်ဖက်က တင်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ်