Movie Name
Tag (2018)
Year
2018
Generes
Comedy
Code
02814
Type
Movie
Size
800 MB
Country
Hollywood
Description
“အသက်ကြီးလာလို့ ကစားတာရပ်လိုက်တာမဟုတ်ဘူး၊ ကစားတာရပ်လိုက်တာလို့ အသက်ကြီးလာတာ” ဆိုတဲ့ဆောင်ပုဒ်က သူတို့ရဲ့လက်သုံးဆောင်ပုဒ်တစ်ခုပေါ့။ သူတို့ဆိုတာ Hogan, Bob, Chilli, Sable, Jerry တို့သူငယ်ချင်းငါးယောက်အဖွဲ့ကိုရည်ညွှန်းတာပါ။ ဟိုးငယ်ငယ်လေးကတည်းက ကျောင်းနေဖက် ဆော့ဖော်ဆော့ဖက်တွေဖြစ်တဲ့အတွက် တစ်ယောက်ကိုတစ်ယောက်လည်း သံယောဇဉ်အတော်ရှိကြပါတယ်။ အသက်ကြီးလာတဲ့အခါကိုယ့်လမ်းကိုလျှောက်ပြီး တစ်ယောက်နဲ့တစ်ယောက် သူစိမ်းတွေလိုတကွဲတပြားမဖြစ်ချင်တဲ့သူတို့သူငယ်ချင်းတစ်သိုက်ဟာ အချိန်တန်ရင်ခွဲခွာရမယ်ဆိုတဲ့ လောကကြီးရဲ့နိယာမကို ဆန့်ကျင်ဖို့နည်းလမ်းတစ်ခုကိုတီထွင်ခဲ့ပါတယ်တော့တယ်။ အဲဒါကတော့ အသက်ကြီးတဲ့အချိန် ငယ်ငယ်တုန်းကလို ဆက်ပြီးဆော့ကစားတဲ့နည်းပါပဲ။ သူတို့ဆော့တဲ့ကစားနည်းကို မြန်မာလိုခေါ်ရရင်တော့ စိန်ပြေးလိုက်တမ်းပေါ့ဗျာ။ သူတို့သူငယ်ချင်းတွေဟာ အဲဒီစိန်ပြေးလိုက်တမ်းကို နှစ်တိုင်းရဲ့မေလတိုင်းမှာ ကစားလေ့ရှိတယ်။ ဒါပေမယ့် အရင်တုန်းကလို လူစုလူဝေးနဲ့ကွင်းပြင်ကျယ်ကြီးထဲမှာဆော့ကြတာမဟုတ်ပါဘူး။ မေလအတွင်းတစ်ရက်ရက်မှာခွေးရူးဖြစ်တဲ့သူက ကိုယ်ဖမ်းချင်တဲ့လူရှိတဲ့နေရာကို ရောက်အောင်လာပြီး ဖမ်းရတာပဲဖြစ်ပါတယ်။ ဒါ့အပြင်ကိုယ့်ကိုမြင်ရင်လည်း အဖမ်းခံရတဲ့သူက ထွက်ပြေးနိုင်တဲ့အတွက် မမှတ်မိအောင်ရုပ်တွေဘာတွေ ဖျက်ပြီးအနားရောက်မှအမိဖမ်းရပါတယ်။ ထူးခြားချက်တစ်ခုကတော့ သူတို့သူငယ်ချင်းထဲမှာ Jerry ဆိုတဲ့တစ်ယောက်က အဲဒီကစားနည်းစဆော့ပါပြီဆိုကတည်းက နှစ် ၃၀ တိုင်အောင် တစ်ခါမှအဖမ်းမခံရသေးပါဘူး။ ၃၁ နှစ်မြောက်မှာတော့ Jerry တစ်ယောက်အိမ်ထောင်ပြုပြီးတော့ ဒီကစားပွဲကနေအကောင်းဆုံးစံချိန်နဲ့ အပြီးတိုင်အနားယူတော့မယ်ဆိုတဲ့သတင်းကို သိသွားတဲ့ Hogan ဟာ ကျန်တဲ့သူငယ်ချင်းသုံးယောက်ကိုအမြန်စုပြီးတော့ မင်္ဂလာပွဲမှာခြေချုပ်မိနေမယ့် Jerry ကိုဖမ်းပြီး သူ့ရဲ့နှစ် ၃၀ အဖမ်းမခံရတဲ့စံချိန်ကိုချိုးပစ်ဖို့အတွက် စီစဉ်ပါတော့တယ်။ ဇာတ်လမ်းရဲ့အသွားအလာကိုကြည့်ပြီး ဟာသကားဖြစ်မယ်ဆိုတာ အားလုံးသိလောက်မှာပါ။ ဒါ့အပြင်ဇာတ်လမ်းကိုရုတ်တရက်ကြည့်ရင်တော့ စိတ်ကူးယဉ်ဆန်ပြီး အတင်းလုပ်ယူသလိုကြီးဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ဒီဇာတ်ကားဟာ တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ တော်တော်ကြည့်ပျော်တဲ့ဇာတ်ကားလေးဖြစ်ပြီး Adult Joke တွေလည်းမပါသလောက်နည်းပါးတဲ့အတွက် မိသားစုနဲ့အတူစိတ်လွတ်ကိုယ်လွတ်ကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက် ဒီဇာတ်ကားလေးကို ညွှန်းဆိုပေးလိုက်ပါတယ်။ ဒါ့အပြင် သူပေးချင်တဲ့ Message လေးကတော်တော်ကောင်းပြီးတော့ ကြည့်ပြီးတဲ့အခါမှာလည်း တချို့ဟာသကားတွေလိုကြည့်ပြီးခဏနဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမယ့်ဇာတ်ကားမျိုးမဟုတ်ဘဲ ရင်ထဲတစ်ခုခုကျန်ခဲ့မယ်ဆိုတာကိုတော့…..။