Movie Name
Curious Caterer Foiled Plans (2024)
Year
2024
Generes
Crime, Drama
Code
EN4117
Type
Movie
Size
647 MB
Country
Hollywood
Description
ဒီတစ်ခါမှာ​တော့… ကြည့်ရှုသူပရိတ်သတ်ကြီးကို…rating 7/10 အထိ ရရှိထားတဲ့ Curious Caterer Failed Plans ဆိုတဲ့ ၂၀၂၄ ခုနှစ်ကမှထွက်ရှိထားတဲ့ စုံ​ထောက်ဇာတ်ကား​ ကောင်း​လေးတစ်ကားနဲ့ မိတ်ဆက်​ပေးချင်ပါတယ် ဒီဇာတ်ကားကိုဒါရိုက်တာ Paul Ziller ကပုံ​ဖော် ရိုက်ကူးထားပြီး မင်းသား Riley Davis , Lochlyn Munro , Vincent Gale , Ted Cole ,Andrew Kavadas တို့နဲ့ နာမည်​ကျော်မင်းသမီး​တွေဖြစ်ကြတဲ့ Jaleese Green , Nikki Deloach တို့ကပါ၀င်အားဖြည့်သရုပ်​ဆောင် ထားကြပါတယ် ဒီဇာတ်လမ်းမှာ အထူးသီးသန့်ဧည့်သည်​တော်​တွေပဲ ဖိတ်ကြားထားတဲ့ ပရဟိတရန်ပုံ​ငွေပွဲမှာ ဟိုက်ဒ်ရဲတိုက်ရဲ့ ပိုင်ရှင် အဲလက်စ်တာအသတ်ခံရ​သော​ကြောင့် စုံစမ်းစစ်​ဆေး​ဖော်ထုတ်ကြပုံကို ရိုက်ကူးတင်ဆက်ထားပါတယ် ဒီဇာတ်ကားကဇာတ်ညွှန်း​ရေးဆရာ​တွေရဲ့… မြှပ်ကွက်လှည့်ကွက်​တွေ​​ကြောင့် ကြည့်ရှုသူပရိတ်သတ်ကို ထိုင်ရာက​နေမထချင်​လောက်​အောင် စွဲ​ဆောင်ထားနိုင်မှာ အ​သေအချာပါပဲ လူသတ်တရားခံက​ရောဘယ်သူဖြစ်မလဲ သူ့ရဲ့လက်​ထောက် အမ်မာဆိုတဲ့​ကောင်မ​​လေးလား ​ရန်ပုံ​ငွေပွဲကျင်းပတဲ့ညမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ​ မီ​ဟေဗန်အကျဥ်း​ထောင်က​နေ ထောင်​ဖောက်ပြီး ထွက်​ပြေးလာတဲ့ အန်မတ်ဒ်​ရှောဆိုတဲ့ ရာဇ၀တ်သား တစ်​ယောက်လား သူနဲ့က​ရော အဲလက်စ်တာနဲ့အတိတ်မှာ ဘယ်လိုပတ်သက်မှု​တွေရှိခဲ့ကြတာလဲ ဒါမှမဟုတ် အဲလက်စ်တာက လူ​ရှေ့မှာ​ပြောဆိုပြီး နည်းပြရာထူးက​နေ အနား​ပေးလိုက်​တော့မယ့် ပီယာ့ဆိုတဲ့နည်းပြဆရာလား ဒါမှမဟုတ် အဲလက်စ်တာ ကိုယ်တိုင်ခန့်ထားတဲ့ မီ​ဟေဗန်အကျဥ်း​ထောင်မှာ ​ထောင်ကျဖူးတဲ့ ချာလီဆိုတဲ့​ထောင်ထွက်တစ်​​ယောက်လား ဒါမှမဟုတ် ဖိတ်ကြားထားတဲ့ ဧည့်သည်​တော်​တွေထဲမှာမပါ၀င်ဘဲ​ရောက်လာခဲ့တဲ့ ဂျာ့ဆိုတဲ့သူလား အဲလက်စ်တာကိုသတ်ချင်တယ်လို့ မကြာခဏကြုံးဝါး​နေတဲ့ သူ့ရဲ့​ငွေထိန်း က​လောက်စ်ဆိုတဲ့ သူလား လူသတ်သမားကဘယ်သူဖြစ်မလဲဆိုတာကို ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ​ ကြည့်ရှု​ဖော်ထုတ်​ပေးလိုက်ပါဦး ဒီ​ဇာတ်ကား Crime , Mystery & Drama အမျိုးအစားကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူ​တွေ လက်မလွတ်စတမ်းကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်