Movie Name
3 (Three) (2012)
Year
2012
Generes
Drama, Thriller
Code
IND1262
Type
Movie
Size
1.12 GB
Country
Bollywood
Description
3 Three (2012) အချစ်ရူးလေးရမ် IMDb – 7.4/10 Vaathiလို ဒရာမာပဲလာလာ Maariလိုခပ်ကြမ်းကြမ်းဇာတ်ရုပ်ပဲလာလာ သရုပ်ဆောင်ချက်ပိုင်နိုင်လွန်းတဲ့ တစ်ကားဆိုရင် တစ်ကားဆိုသလောက်‌ ပရိသတ်ရင်ထဲ‌ရောက်တဲ့ မင်းသားကြီးဒနွတ်ရှ်နဲ့ Salaarထဲက ဒိတ်ဒိတ်ကြဲမင်းသမီးချောလေး ရှရူတီဟာဆန်ရဲ့ မာစတာပိစ်တစ်ကားဖြစ်တဲ့ Three (2012)ကို စီအမ်ချစ်သူ‌တို့ တောင်းဆိုနေတဲ့အတိုင်း တင်ဆက်ပေးလိုက်ပါပြီ။ ဒီတစ်ခါမှာတော့ ဆယ်ကျော်သက်အရွယ် အချစ်ဇာတ်လမ်းလေးကို ထူးဆန်းထွေလာဇာတ်ကြောင်းလေးပါဝင်တဲ့ အချစ်ဒရာမာ ဇာတ်လမ်းဟောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ရမ်လို့ခေါ်တဲ့ ၁၂တန်းအရွယ်ကျောင်းသားလေးဟာ တစ်ရက်ကျောင်းကိုသွားရင်း မိုးရွာနေတဲ့လမ်းမပေါ်မှာ စက်ဘီးချိန်းကျပြီး ဒုက္ခရောက်နေတဲ့ ဂျာနန်နီကိုမြင်လို့ ဝင်ရောက်ကူညီပေးရင်း ချစ်မိသွားပါတော့တယ်။ အချစ်နဲ့တွေ့ရင် အရာရာကို ကြိုးစားချင်တယ်ဆိုတဲ့စိတ်တွေနဲ့ အရင်က စာကို အာရုံမစိုက်ခဲ့တဲ့ ရမ်တစ်ယောက် ချစ်ရသူကိုမြင်ခွင့်ရဖို့အတွက်နဲ့ ဂျာနန်နီတက်တဲ့ ကျူရှင်ကိုလိုက်တတ်ရင်း စာတွေကြိုးစားခဲ့တဲ့အထိပါပဲ။ ဒီလိုနဲ့ ကြိုးစားလာလိုက်တာ ဂျာနန်နီရဲ့အချစ်ကို ရရှိခဲ့ပြီး အသက်အရွယ်ရလာတဲ့အခါမှာတော့ လက်ထပ်လိုက်ကြပြီး ဘဝတစ်ခုကိုထူထောင်ခဲ့ကြပါတယ်။ အိမ်ထောင်တစ်ခုကို တည်ထောင်ပြီဆိုရင် ဖြစ်တတ်ကြတဲ့ထုံးစံအတိုင်းပဲ ပြဿနာသေးသေးလေးတွေကနေ ကြီးထွားလာခဲ့ပါတော့တယ်။ လက်ထပ်ခါစ စုံတွဲလေးဖြစ်ပေမယ့် နားလည်မှုလွဲတဲ့ကိစ္စတွေ အခက်အခဲတွေကို ရင်ဆိုင်လာရင်း တစ်ရက်မှာ မထင်မှတ်ထားပဲ ရမ်ဖြစ်သူဟာ သတ်သေသွားတဲ့ အခါမှာတော့ ….. ရမ်ဘာကြောင့် သတ်သေရလည်းဆိုတာကို ဂျာနန်နီတစ်ယောက် စုံစမ်းကြည့်တဲ့အခါမှာ ဘယ်လိုထူးဆန်းထွေလာကိစ္စတွေ ပေါ်ပေါက်လာမလဲ …. ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်အပြင် ရမ်နဲ့ ဂျာနန်နီတို့ရဲ့ ဆယ်ကျော်သက်အချစ်ဇာတ်လမ်းလေးကိုလည်း ရင်ခုန်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။