-
Movie Name
-
First Kill (2017)
-
Year
-
2017
-
Generes
-
Action, Thriller
-
Code
-
00806
-
Type
-
Movie
-
Size
-
873 MB
-
Country
-
Hollywood
-
Description
-
ဒီဇာတ်လမ်းမှာတော့နာမည်ကြီးမင်းသားကြီး Bruce Willis( Howell ) (Jumper, Outcast )တို့မှမင်းသားချော Hayden Christensen (Will ) နှင့်အတူ Gethin Anthony ( Levi ) တို့မှအဓိကသရုပ်ဆောင်များအဖြစ်ပါဝင်သရုပ်ဆောင်ထားကြပါတယ်.. အမှန်အတိုင်းပြောရရင်တော့တော်တော်ပေါတဲ့ကားဗျဒီကားက.. ဘာမှကိုသိပ်အဓိပ္ပါယ်မရှိတာ..ဇာတ်လမ်းအစမှာDannyဆိုတဲ့ ကောင်လေးကကျောင်းမှာတစ်နှစ်အတွင်း၆ကြိမ်အနိုင်ကျင့်ခံရတယ်.. အဖေလုပ်သူ(Will )ကစတော့ရှယ်ယာကုမ္ပဏီကရှယ်ယာဝင်တစ်ယောက် အမေ( Laura ) ကဆရာဝန်..ကလေးအတွက်အချိန်သိပ်မပေးနိုင်ကြဘူး.. နောက်ဆုံးကလေးအတွက်စိတ်ဓါတ်ခွန်အားဖြစ်အောင်တစ်ခုခုလုပ်မှဖြစ်တော့မယ်ဆိုပြီး အဖေဖြစ်သူမွေးဖွားခဲ့တဲ့နယ်မြို့လေးတစ်ခုကိုအမဲပစ်ဖို့အတွက် အပျော်ခရီးထွက်ခဲ့ကျတယ်..အဲ့မြို့ရဲ့ရဲမှုးကဇာတ်လိုက်ကျော်ကြီး Marvin Howell.. ကံဆိုးချင်တော့သူတို့မြို့ကိုရောက်ရှိတဲ့အချိန်မှာဘဏ်ဖေါက်မှုတစ်ခုဖြစ်နေတယ်.. အဲ့ဘဏ်ဖောက်မှုကိုMarvin ကဖေါ်ထုတ်ဖို့အတွက်ကြိုးစားနေတယ်.. အမှန်ကအဲ့ဘဏ်ကိုဖောက်တာကလည်းMarvin လက်အောက်ကရဲတွေနဲ့မိန်းမလိုချင်ပြီး ပိုက်ဆံမရှိတဲ့ကောင်(Levi)အတူတူပေါင်းလုပ်ကြတာ..Levi ဘဏ်ကိုဖေါက်ရတဲ့ အကြောင်းအရင်းကလည်းပြတ်သားတယ်..မိန်းမလိုချင်တယ်..မိန်းမရဲ့အမေကကင်ဆာဖြစ်နေတယ်.. သူ့ကိုကုပေးဖို့အတွက်ပိုက်ဆံလိုတယ်..ယောက္ခမလောင်းကြီးကိုကုပေးနိုင်မှမိန်းမရမယ်.. အဲ့အချိန်မှာရဲတွေကသားကြီးဘဏ်ဖောက်မလားဆိုပြီးလာမြှူစွယ်တာနဲ့ဘဏ်ဖေါက်ဖြစ်သွားတယ်.. အဲ့လိုနဲ့ဘဏ်ဖောက်ပြီးတဲ့အချိန်ကျတော့အချိန်းအချက်လုပ်ထားတဲ့လူသူကင်းမဲ့တဲ့နေရာတစ်ရာကို ပိုက်ဆံထုတ်သွားထားဖို့အတွက်Levi ရောက်သွားခဲ့တယ်..ကံဆိုးချင်တော့ချိန်းထားတဲ့နေရာမှာ ကားကြီးတစ်စီးထဲကလူတစ်ယောက်ကသူ့ကိုစိုက်ကြည့်နေတာနဲ့သရဲထင်ပြီးပိုက်ဆံထုပ်မထား ဖြစ်ပဲပြန်ထွက်ပြေးခဲ့တယ်..အဲ့မှာရဲတွေကသူတို့ကိုသစ္စာဖေါက်ပါတယ်ဆိုပြီးLevi နဲ့ရဲတစ်ယောက်နဲ့ တောထဲမှာနှစ်ယောက်ထဲစကားများနေကြတဲ့အချိန်မှာ Will နဲ့သူ့သားလေး Danny ကအမဲပစ်ဖို့ အဲ့တောထဲကိုရောက်နေကြတယ်..သူတို့နှစ်ယောက်အခြေအတင်စကားများနေတာကိုမြင်သွား တဲ့အတွက်နှုတ်ပိတ်ဖို့အတွက်သေနတ်နဲ့ချိန်စဉ်အချိန်မှာပဲ Will ကအဲ့ရဲကိုသေနတ်နဲ့ပစ်သတ်လိုက်တယ်.. Levi ကိုလည်းရဲကမသေခင်အချိန်မှာသေနတ်နဲ့ပစ်လိုက်တယ်..ဒါပေမယ့်မသေသွားဘူး..စေတနာကောင်းစွာနဲ့ပဲ Will က Levi ကိုအိမ်ခေါ်သွားပြီဒဏ်ရာကိုကုပေးလိုက်သေးတယ်..Levi လည်းဒဏ်ရာကနေသတိပြန်ရလာရော Will ကိုပိုက်ဆံထုတ်ပြန်သွားယူခိုင်းဖို့အတွက် Danny ကိုပြန်ပေးဆွဲသွားတော့တယ်.. ပြန်ပေးဆွဲတဲ့သူကလေးချစ် တတ်ပုံများကတော့ပြန်ပေးဆွဲပြီးခေါ်လာတဲ့ကလေးနဲ့အတူတူအိမ်ရောက်တော့ဂိမ်းတောင်တူတူဆော့လိုက်ကြသေးတယ်..အဲ့နောက်မှာWill က သားလေးကိုပြန်ရဖို့အတွက် Levi ခိုင်းတဲ့အတိုင်းပိုက်ဆံထုတ်ကိုသွားယူပြီး ပြန်ပေးဖို့လုပ်တဲ့အခါမှာဘာတွေဆက်ဖြစ်ကြလည်းဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ကြပါအုန်း