Movie Name
Blood Free (2024)
Year
2024
Generes
Drama, Sci-Fi, Thriller
Code
SKR0986
Type
Series
Size
8.89 GB
Country
Korea
Description
1-10 Completed ဒီတစ်ခါ ကျွန်တော်တို့ CM ကနေ တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲလေးကတော့ sci-fi ကြိုက်သူတွေ အကြိုက်တွေ့စေမဲ့ thriller, sci-fi, drama အမျိုးအစားလေးဖြစ်တဲ့ Blood Free ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ Along with Gods ကားထဲက နာမည်ကြီး မင်းသားတစ်လက်ဖြစ်တဲ့ Ju Ji Hoon, ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကျွန်တော်တို့ အသည်းစွဲဖြစ်နေတဲ့ Moving ထဲက မင်းသမီး Han Hyo Joo, ဇာတ်ကားကောင်းတော်တော်များများမှာ ပါဝင်ထားတဲ့ မင်းသားကြီးတွေဖြစ်တဲ့ Lee Hee Joon, Lee Moo Saeng တို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း… လူသားတွေဟာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက တိရစ္ဆာန်တွေရဲ့အသားကို အာဟာရဓာတ်တစ်ခုအနေနဲ့ စားသုံးလာခဲ့ကြပါတယ်။ မျိုးရိုးဗီဇပြောင်းလဲထားတဲ့ အသားဈေးကွက်ကို လက်ဝါးကြီးအုပ်ထားပြီး စမ်းသပ်ခန်းထုတ်အသားတွေကို ရောင်းချနေတဲ့ စီအီးအို ယွန်းဂျာယူ (Han Hyo Joo) ရဲ့ BF ဇီဝနည်းပညာကုမ္ပဏီဟာ ဈေးကွက်အတွင်း နာမည်ကြီးလာတဲ့နှင့်အမျှ ပြိုင်ဆိုင်မှုတွေနဲ့အတူ သူမရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်မှုတွေအထိ ရင်ဆိုင်လာရပါတယ်။ BF အုပ်စုရဲ့ အဓိကရည်ရွယ်ချက်ကတော့ တိရစ္ဆာန်တွေအပေါ် မတရားသတ်ဖြတ်ပြီး ရလာတဲ့ အသားတွေ စားသုံးမှုကို တားဆီးနိုင်ဖို့ဖြစ်ပေမဲ့ ဂေဟစနစ်ပျက်စီးလာမှုကို ကြုံတွေ့လာရတဲ့အခါမှာတော့ ကုမ္ပဏီအတွင်းအပြင် ဆန္ဒပြမှုတွေနဲ့ မထင်မှတ်ထားတဲ့ ပြဿနာတွေဖြစ်လာချိန်မှာ သူမရဲ့ ကိုယ်ရံတော်ဖြစ်တဲ့ ရေတပ်သားဟောင်း ဝူချယ်ဝွန်း (Ju Ji Hoon) နဲ့အတူ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းသွားမလဲ… သူမအပေါ်ကျရောက်လာတဲ့ အန္တရာယ်တွေကိုရော ကိုယ်ရံတော် ဝူချယ်ဝွန်းက ဘယ်လို ကာကွယ်တိုက်ခိုက်ပေးသွားမလဲဆိုတာကို ဒီ Blood Free ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်။