Movie Name
Invalidite (2023)
Year
2023
Generes
Drama
Code
OT0180
Type
Movie
Size
624 MB
Country
Others
Description
Invalidite ( 2023 ) ============ ဒစ္စနေးပလက်မှာ ပြထားတဲ့ အင်ဒိုနီးရှားရုပ်ရှင်ဖြစ်တဲ့ Invaliditeဟာ တမီလ်ကားနည်းနည်းဆန်တယ်လို့တော့ ပြောရပါမယ်။ တမီလ်ရုပ်ရှင် ပရိသတ်တွေအတွက် ကြည့်ကောင်းမယ့် ဇာတ်လမ်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ တစ်ချက်ထိုး ၁၈၆ပေလွင့်တာတွေ မပါတာကလွဲ အဲဒီလိုတစ်ချက်ထိုး ၁၈၆ပေလွင့်တာကိုပြတဲ့ ကားတွေရဲ့ ဇာတ်လမ်းကျောရိုးနဲ့ တော်တော်ဆင်ပါတယ်။ ဇာတ်ကတော့ အင်ဒိုးနီးရှားက ထိတ်ထိတ်ကြဲ လုပ်ငန်းရှင်ကြီးတစ်ယောက်ရဲ့ မိသားစုက စတယ်။ သူက စီးပွားရေးကလွဲ ဘာမှစိတ်မဝင်စားတဲ့သူမို့ သူ့သားနဲ့ သူက တော်တော်အစေးမကပ်ပါဘူး။ သူ့လုပ်ငန်းကို သူ့သားကို အမွေဆက်ခံစေချင်ပေမဲ့ သူ့သားက သူ့ဘာသာပဲ သီးခြားခွဲနေပြီး တစ်အိုးတစ်အိမ်ထူထောင်ခဲ့သလို သူ့အမွေကိုယူဖို့လည်း စိတ်မဝင်စားခဲ့ဘူး။ ဒီလိုနဲ့ တစ်နေ့ကျ သူ့သားအိမ်မှာ ဓားပြမှုတစ်ခုဖြစ်သွားခဲ့တယ်။ ဓားပြတွေဟာ သူ့သားကိုရော သူ့ချွေးမကိုရော သတ်သွားခဲ့ကြတယ်။ သူ့မြေးလေးပဲ ကံကောင်းလို့ကျန်ခဲ့တယ်။ သူ့မြေးလေးကို သူက သူ့အမွေဆက်ခံစေချင်သလို စိတ်လည်းပူတာမို့ အချိန်ပြည့်လူလွှတ်စောင့်ကြည့်ခိုင်းပြီး သူ့မြေးတက်နေတဲ့ တက္ကသိုလ်ကိုပါဝယ်ခဲ့တယ်။ သူ့မြေးကတော့ ဘာကိုမှထီမထင်တဲ့ အတန်းမတက်ဘဲ ပြဿနာပဲရှာနေတဲ့ ဂျစ်ကန်ကန်ကောင်လေးအဖြစ်နဲ့ ကြီးလာခဲ့တယ်။ သူ့အဘိုးကိုလည်းဆက်တိုက်ဖီဆန်နေခဲ့တယ်။ ဓာတ်ပုံဆရာ‌တော့လုပ်နေပေမဲ့ ကျောင်းလည်းလုံးဝမတက်သလို ဘွဲ့ရဖို့လည်း စိတ်မဝင်စားဘူး။ ဒီလိုနဲ့ သူ့ကျောင်းက ဆရာက သူ့ကို ဘွဲ့ရသွားအောင် ကျောင်းက စာတော်ပြီး ဒုက္ခိတဖြစ်နေတဲ့ ကောင်မလေးကို ကျူတာလုပ်ခိုင်းခဲ့တယ်။ ဒီလိုနဲ့ ဂျစ်ကန်ကန်ကောင်လေးနဲ့ ဒုက္ခိတကောင်မလေးတို့တွေ အနေနီးရာက သံယောဇဉ်ဖြစ်လာကြတယ်။ ဒါပေမဲ့ သူ့အဖေနဲအမေသေဆုံးသွားတဲ့ ဓားပြမှုက အဲဒီကောင်မလေးနဲ့ ဆက်စပ်နေတာကို သိလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ကြည့်ရမှာပါ။ ပြောခဲ့သလို တမီလ်ရုပ်ရှင်တွေ ဘောလိဝုဒ်ရုပ်ရှင်တွေနဲ့ဆင်တာမို့ အဲဒီလိုရုပ်ရှင်တွေကြိုက်တဲ့လူတွေအတွက်တော့ ကြည့်ကောင်းမှာပါပဲ။