Movie Name
Fools Gold
Year
2008
Generes
Action, Comedy
Code
00809
Type
Movie
Size
804 MB
Country
Hollywood
Description
၁၇၁၅ ခုနှစ် ဇူလိုင်လ ၂၄စပိန်နိုင်ငံရဲ့ ဘုရင်ဖီးလစ်ပ် မင်္ဂလာပွဲအတွက်ရတနာတွေကို ဟာဗားနား ကျူးဘားကနေ စတင် ရွက်လွှင့်ပို့ဆောင်ခဲ့တယ်သမိုင်းရဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးမှတ်တမ်းမှာအကြီးမားဆုံးပို့ဆောင်မှုတစ်ခုအဖြစ် မှတ်တမ်းတင်ခံခဲ့ရတဲ့ ရတနာတွေ… ” ဘုရင်မကြီးရဲ့ လက်ဖွဲ့ “လို့ခေါ်ဆိုကြတဲ့ အဲဒီရတနာတွေဟာ အဲဒီ ခေတ်ကဒေါ်လာ သန်းငါးရာတန်တဲ့ ရွှေ ငွေနဲ့ ကျောက်သံပတ္တမြားတွေ ဖြစ်တယ်…အချိန်မတော်ကျင်းပတဲ့ မင်္ဂလာပွဲအတွက် ဘုရင်ဖီးလစ်ကလက်ဖွဲ့ပစ္စည်းတွေကို နှစ်တစ်နှစ်ရဲ့ အဆိုးဆုံးအချိန်မှာမှ ပို့ဆောင်မိခဲ့တယ်ပင်လယ်ပြင်ရဲ့ လှည့်စားမှုကြောင့် သင်္ဘောကြီးဟာဟာရီကိန်းမုန်တိုင်းရဲ့ အလယ်ခေါင်ကိုမှ ဝင်တိုးမိရက်သား ဖြစ်သွားခဲ့တယ်သင်္ဘောကြီးကို နောင်တစ်ချိန်အထိ ထပ်မတွေ့ခဲ့ကြတော့ဘူး…IMDb 5.7/10 …Rotten Tomatoes 11% …Metacritic 29%Rating တွေ ကြည်ပြီး စိတ်ထဲ မတင်မကျဖြစ်မသွားပါနဲ့သမိုင်းကြောင်းကို မှီငြမ်းရိုက်ထားတဲ့ ရတနာရှာတဲ့ကားတွေဟာRating နည်းတတ်လေ့ရှိပါတယ် ဒီကားက အလုံးစုံတော့ ပြည့်စုံနေတာမဟုတ်ပေမယ့်လည်းပဲChristopher Nolanရဲ့ Interstellarမှာ ခေါင်းဆောင်ပါဝင်ခဲ့ပြီးDallas Buyers Club နဲ့ အော်စကာဆုရခဲ့တဲ့မင်းသားMatthew McConaugheyနဲ့Almost Famousဆိုတဲ့ကားမှာ ပါဝင်သရုပ်ဆောင်ပြီးရွှေကမ္ဘာလုံးဆုရခဲ့တဲ့ မင်းသမီး Kate Hudson တို့ကခေါင်းဆောင်ပါဝင်ထားတယ်ဒါတင်မကပဲ ဟာသသရုပ်ဆောင် Kevin Hartကပါအားဖြည့်ကူညီထားသေးတယ်ဒီလူတွေကြောင့် ဇာတ်ကားဟာ အတော်အသင့်တော့ကြည့်လို့ကောင်းသွားတယ်ဆိုတာတော့ သေသေချာချာပြောနိုင်ပါတယ်Googleမှာ Best Treasure Hunting Moviesလို့သာ ရိုက်ရှာလိုက်ရင်ကျလာမယ့်ထဲ တစ်ကားအပါအဝင်ဖြစ်တဲ့ Fool’s Goldကိုစိမ်းပြာရောင် ပင်လယ်ကြီးနဲ့အတူ ခံစားမျေုာပါလိုက်ကြရအောင်ဗျာ…ဒီဇတ်ကားကို Ye Khant Min မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ သူကိုယ်တိုင်ရေးပေးထားပါတယ်