Movie Name
Young Babylon (ပျိုမြစ်ခြင်းပန်း ပွင့်လန်းရာမြေ ) 2024
Year
2024
Generes
Drama, Romance
Code
SC0826
Type
Series
Size
7.09 GB
Country
China
Description
1-26 complete ဒီဇာတ်ကားလေးကတော့ Youthful vibe အပြည့်နဲ့ ro-com ဇာတ်လမ်းလေးတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် ။ သူမွေးဖွားလာတဲ့ အလုပ်သမားလူတန်းစာဘဝကလွဲပြီး ကျန်တာဘာကိုမှမသိတဲ့ လုရှောင်လုတစ်ယောက် ဘဝကိုသူအမြဲတမ်းတွေးထားသလိုပုံစံအတိုင်းပဲစတင်ခဲ့ပါတယ် ။ 1990ပြည့်နှစ် သူ့ဆယ်ကျော်သက်အရွယ်မှာတင် မြိုကစက်ရုံလေးမှာအလုပ်ဝင်ခဲ့ပြီးတော့ ဘေးပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေနေဖိုနဲ့အတူ ဖိအားတွေကိုပါစတင်ခံစားခဲ့ရပါတယ် ။ ဒီလိုနဲ့ တိုးတတ်လာတဲ့တရုတ်ပြည်ရဲ့စီးပွားရေးနဲ့အတူ လုပ်ငန်းခွင်ထဲမှာ သင်ခန်းစာယူရင်း သူနေထိုင်တဲ့ပတ်ဝန်းကျင်ထက်ပိုပြီးကျယ်ပြန့်တဲ့နေရာ စီးပွားရေးလုပ်ကွက်တွေကိုပါမြင်လာတဲ့အခါမှာတော့ လုရှောင်လုတစ်ယောက်သူ့ကိုပျော်ရွှင်စေမဲ့လမ်းကိုပဲလျှောက်ဖိုဆုံးဖြတ်လိုက်ပါတော့တယ် ။ ဇာတ်ကားလေးက ငယ်ငယ်ရွယ်ရွယ်ကောင်လေးတစ်ယောက်ဘဝတိုက်ပွဲဝင်ရင်း ကိုယ်ပိုင်ပျော်ရွှင်မှုကိုရှာဖွေသွားမဲ့ဇာတ်လမ်းလေးဖြစ်လို လုရှောင်လုရဲ့ဘဝဇာတ်ခုံကိုအတူတူခံစားကြည့်လိုက်ရအောင်ပါရှင် ။