Movie Name
Heeramandi: The Diamond Bazaar (2024)
Year
2024
Generes
Drama, War
Code
SIND0057
Type
Series
Size
6.16 GB
Country
Bollywood
Description
1-8 complete Castတွေအနေနဲ့ဆိုလည်း Dil Se..(1998)ထဲက မင်းသမီးကြီး Manisha Koirala၊ Rowdy Rathore (2012)မှာ အပြုံးချိုချို ပါးချိုင့်ခွက်ခွက်လေးနဲ့ မင်းသမီး Sonakshi Sinha၊ Rockstar(2011)မှာ ရီနာအဖြစ်ပါခဲ့တဲ့ မင်းသမီး Aditi Rao Hydariစတဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးကြီး မင်းသမီးငယ်တွေ အထူးပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၁၀-၁၉၄၀ခုနှစ်အတွင်း ဗြိတိသျှတွေကိုဆန့်ကျင်တဲ့ အိန္ဒိယလွပ်လပ်ရေးလှုပ်ရှားမှုပြုနေချိန် လာဟိုးပြည်နယ်က ဟီရာမန်ဒီမှာရှိတဲ့ ဂုဏ်ရှိန်ကြီးမြတ်လှတဲ့ ပြည့်တန်ဆာအိမ်ကြီးကနေစပါတယ်။ မျိုးရိုးစဉ်ဆက် လုပ်ကိုင်လာခဲ့တဲ့ ဒီပြည့်တန်ဆာဆိုတဲ့ ဂုဏ်ပုဒ်ကို မိသားစုရဲ့သမီးမိန်းကလေးတိုင်း အရွယ်ရောက်တာနဲ့ မငြင်းပယ်နိုင်ဘဲ ဆက်ခံလာခဲ့ရာကနေ ကဗျာဆရာမလေးဖြစ်ချင်တဲ့ အာလမ်ရဲ့ အလှည့်မှာတော့ ဒီဂုဏ်ပုဒ်ကို သူ့ကံတရားကနေဖယ်ရှားဖို့ တိုက်ခိုက်ပါတော့တယ်။ တာ့ဂျ်ဒါရ်ကတော့ အောက်စဖို့ဒ်တက္ကသိုလ်မှာ ပညာတော်သင်ခြောက်နှစ်သွားတက်လာပြီး လာဟိုးကိုပြန်လာခဲ့တဲ့ ဆွေကြီးမျိုးကြီးမိသားစုက ပေါက်ဖွားလာသူတစ်ယောက်။ ဗြိတိသျှတွေကို မျက်နှာလုပ်ဖားယားနေရတဲ့ အဖေဖြစ်သူရဲ့ အိမ်ခြံမြေနဲ့ဟိုတယ်လုပ်ငန်းကို မဆက်ခံလိုဘဲ ရှေ့နေလုပ်ရင်း ကျွန်စနစ်ကို တွန်းလှန်ချင်တဲ့သူ။ သူတို့လို ချမ်းသာတဲ့မိသားစုကပေါက်ဖွားလာတဲ့ အရွယ်ရောက်ပြီးယောကျ်ားသားတွေကို ဟီရာမန်ဒီက ပြည့်တန်ဆာအိမ်ဆီကို သွားရောက်ပျော်ပါးစေတာက အစဉ်အလာလိုဖြစ်နေပေမဲ့ တည်ကြည်ဖြောင့်မတ်သူ တာ့ဂျ်ဒါရ်ကတော့ မိသားစုရဲ့ဆန္ဒကို ငြင်းဆန်ပြီး မသွားချင်ခဲ့ပါဘူး။ သူတို့နှစ်ယောက် ဆုံတွေ့မိကြတဲ့အခါ စံနမူနာယူလောက်တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာမလားဆိုတာကတော့…။