Movie Name
BEGINS ≠ YOUTH (2024)
Year
2024
Generes
Drama, Fantasy
Code
SKR0987
Type
Series
Size
4.57 GB
Country
Korea
Description
1-12 complete ဒီ Seriesကတော့ ARMY တွေအားလုံးသိကြတဲ့ BTS Universe Save Me webtoon ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Story line ကိုတော့ Save Me MV မှာတွေ့ဖူးကြမှာပါ။ အခက်အခဲကိုယ်စီရှိကြတဲ့ လူငယ်လေး ၇ ဦး လွှတ်တော်အမတ်ရဲ့သားတစ်ယောက်လည်းဖြစ် ရုပ်ရည်ကလည်းကြည့်ကောင်း အားလုံးအမြင်မှာပြီးပြည့်စုံတဲ့ဘဝကြီးပိုင်ဆိုင်ထားရတဲ့ကောင်လေးဆိုပေမဲ့ လက်တွေ့မှာ ဘဝကြီးကို အဖေပုံသွင်းတဲ့အတိုင်းနေထိုင်ရပြီးတော့ ကိုယ့်ခံစားချက်ကိုထုတ်ဖော်ခွင့်မရတဲ့ Kim Hwan၊ စကားသိပ်မပြောပေမဲ့ နွေးထွေးတဲ့စိတ်ထားရှိတဲ့ကောင်လေး Min Cein အမေက သူ့အတွက်အရာရာဆိုပေမဲ့ လူတိုင်းက အမေ့ကိုသတ်ပြီး အိမ်ကိုမီးရှို့ကောင်ဆိုပြီး ​ဆိုးဝါးတဲ့ကောလာဟလတွေဖြန့်ကြတယ်။ ဒီလိုကြုံတွေ့ရတဲ့သူ့အတွက် စိတ်သက်သာရာရစေတာ ပီယာနိုတီးခြင်းပါပဲ။ အကကရတာနှစ်သက်ပြီး အကောင်းမြင်စိတ်ရှိတဲ့ Jung Hosu က တချိန်တည်းက ကစားကွင်းထဲမှာ ပစ်ထားခံခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။ တာဝန်ယူစိတ်အပြည့်အဝရှိတဲ့ Kim Dogeon ဆင်းရဲတဲ့မိသားစုကြောင့် စောစောစီးစီးရင့်ကျက်သူဖြစ်လာတဲ့ခဲ့တဲ့သူ ကျောင်းစာတစ်ဖက် အလုပ်တစ်ဖက်လုပ်နေပေမဲ့လည်း ကျောင်းစာမှာလည်းအမြဲတမ်းအမှတ်ကောင်းကောင်းရနေသူ၊ တောက်ပတဲ့အပြုံးလေးရှိတဲ့ Park Haru ငယ်ငယ်တုန်းဖြစ်ခဲ့တဲ့ အကြောက်တရားကြောင့် သူ့ကိုယ်သူဘယ်သူလဲဆိုတာအမြဲတမ်းမေးခွန်းထုတ်နေတတ်ပြီးတော့ မိသားစုတွေနဲ့အလိမ်အညာစကားတွေနဲ့ ကာကွယ်ခံထားရတဲ့သူပဲဖြစ်ပါတယ်။ အရက်သမားအဖေနဲ့အတူတူနေရတဲ့ကောင်လေး တစ်ချိန်တုန်းက ကြင်နာနွေးထွေးခဲ့တဲ့အဖေဖြစ်ပေမဲ့ မိခင်ဖြစ်သူ ထွက်သွားပြီးနောက်ပြောင်းလဲလာတဲ့အခါ.. တစ်ချိန်က ကြင်နာတဲ့အဖေ ပြန်ဖြစ်ဖို့ မျှော်လင့်နေသေးတဲ့ Kim Jooan..။ Insecure မိသားစုနဲ့ အတူတူနေရပြီးတဲ့နောက် သေခြင်းရှင်ခြင်းကို Sensitive ဖြစ်နေတဲ့ Jeong Jaeha..။ သူတို့ရဲ့တွေ့ဆုံခြင်းက အစပိုင်းမှာ ပဋိပက္ခတွေရှိခဲ့ကြပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ ပိုပြီးရင်းနှီးလာကြတယ်။ ခရီးအတူတူထွက် တစ်ယောက်အခက်အခဲတစ်ယောက်ဝေမျှနားထောင်ရင်း သူတို့အားလုံးမှာတူညီတဲ့မိသားစုပြဿနာရှိတာကိုသိသွားတဲ့အခါမှာတော့ ပိုပြီးတောင် ရင်းနှီးလာကြတယ်။ ဒီလိုလူငယ်လေး ၇ ယောက်ရဲ့ သူငယ်ချင်းဆက်ဆံရေးကို ရိုက်ကူးထားတဲ့ Series လေးပဲ ဖြစ်ပါတယ်။