Movie Name
The Escape Of The Seven Resurrection (2024)
Year
2024
Generes
Drama, Thriller
Code
SKR0988
Type
Series
Size
6.47 GB
Country
Korea
Description
1-16 complete အားလုံးစောင့်မျှော်နေတဲ့ The escape of seven ရဲ့ Season-2 ပြန်လည်ရောက်ရှိလို့လာပါပြီ။ Cast တွေကတော့ S1 ကအတိုင်း Uhm Ki Joon၊ Hwang Jung Eum၊ Lee Joon၊ Lee Yoobiစတဲ့ မင်းသားမင်းသမီးတွေက အဓိကပြန်လည်ပါဝင်ထားပါတယ်။ ဘိုဘယ် မတော်တဆမှုကနေတစ်ဆင့် လက်စားချေမှုစတင်ခဲ့ကာ သွေးကြွေးနဲ့အဆုံးသတ်ခဲ့ပြီးတော့ Do Hyuk က တရားခံဖြစ်လာပြီး သူ့ဘဝကိုဆုံးရှုံးခဲ့ရပေမဲ့ အသက်ရှင်ကျန်ရစ်ခဲ့တယ်။ Do Hyuk က Matthew ရဲ့ ပုံစံအစစ်အမှန်ကို လူတိုင်းကိုချပြပြီး လက်စားချေဖို့ဒေါသတကြီးနဲ့ပြန်ရောက်လာခဲ့ကာ Kang Ki Tak နဲ့ Medusa လို့အမည်ရတဲ့လူထူးဆန်းတစ်ယောက်က Do Hyuk ကိုကူညီဖို့ပေါ်လာခဲ့တယ်။ Matthew က သူရဲ့ကိုယ်ရေးရာဇဝင်အတုနဲ့ တစ်လောကလုံးကို လှည့်စားနေတာကို ရပ်မဲ့ပုံမပေါ်သလို သူရဲ့လက်စားချေမှု ပြီးမြောက်ဖို့အတွက် Do Hyuk ရဲ့အဖေဖြစ်သူ သူ့ဘဝနဲ့ရင်းပြီး တည်ထောင်ခဲ့တဲ့ Saungchan Group ရဲ့ ပြယုဂ်ဖြစ်လာဖို့ကြိုးစားဆောင်ရွက်နေတယ်။ လူခုနှစ်ယောက်ကလည်း အဆုံးသတ်ပြီးပြီးဖြစ်တဲ့ လက်စားချေကစားပွဲကို နောက်တစ်ခေါက်ပြန်ဆော့ဖို့အုပ်စုပြန်ဖွဲ့လာကြတယ်။ တစ်ချို့ကလက်စားချေမှုမှာဝင်မပါကြဘဲ တစ်ချို့ကအာဏာအတွက်လုပ်ကြပြီး တစ်ချို့ကဒီကစားပွဲအသစ်မှာသူတို့ရဲ့အစစ်အမှန်ရည်ရွယ်ချက်တွေကိုဖုံးကွယ်ထားကြတယ်။ အချင်းချင်း ဘယ်လိုလှည့်ဖျားသစ္စာဖောက်ပြီးတော့ အလိမ်အညာတွေရဲ့ အဆုံးအသတ်ကနေ ဒီလူခုနှစ်ယောက်ရဲ့ကံကြမ္မာတွေကဘယ်လိုဖြစ်ကြမလဲ… Do Hyuk ရဲ့ လက်စားချေမှုကအောင်မြင်သွားမှာလား ဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။mplete