Movie Name
What If (ရွေးရခက်ဖွယ် မေ့သက်လှယ်) (2024)
Year
2024
Generes
Drama, Historical, Romance
Code
SC0833
Type
Series
Size
5.74 GB
Country
China
Description
1-20 complete Liu Xue Yi,Zhong Chuxi နဲ့ Lin Yu Shen တိုဇာတ်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ စျေးကွက်စီးပွားရေးကိုစိတ်ဝင်စားပြီးတော့ အောင်မြင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ချင်တဲ့ Xia Guo ဘ၀ကြီးကအချစ်မရှိရင်အရသာမရှိတဲ့ရေလိုပဲဆိုသလို တစ်ဖက်မှာလည်းအောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်သလို အချစ်ကိုလည်းမစွန့်လွှတ်နိုင်တဲ့သူဖြစ်တဲ့အတွက်ကြောင့် ချစ်သူဖြစ်တဲ့ Yu Jian ကိုပါ သူနဲ့အတူရှန်ဟိုင်းကိုလိုက်ဖိုအတင်းခေါ်ပါတော့တယ် ဒီဇိုင်းပညာမှာထူးချွန်ပြီးတော့ တခြားနေရာမှာအလွယ်တကူအလုပ်လုပ်လိုရပေမဲ့ အေးရာအေးကြောင်း ချစ်ရတဲ့သူတွေနဲ့ဇာတိမြေမှာပဲအခြေချချင်တဲ့ Yu Jian တစ်ယောက် ချစ်သူလေးကြောင့် ရှန်ဟိုင်းမှာအလုပ်သွားလုပ်ဖို စဉ်းစားရပါတော့တယ် အကျင့်စရိုက်မတူတဲ့ချစ်သူနှစ်ဦး လောကဓံရဲ့ရိုက်ခတ်မှုတွေကြားမှာ ဆက်ပြီးလက်တွဲမြဲဦးမှာလား Xia Guo ကရော ဇာတိမှာ ချစ်သူလေးနဲ့အတူ သာယာတဲ့ဘ၀လေးမှာဖြတ်သန်းဖိုရွေးချယ်မှာလား ဒါမှမဟုတ် အောင်မြင်နိုင်ဖိုအခွင့်အရေးကိုဖမ်းဆုပ်ရင်း မြိုကြီးမှာနေဖြစ ေမှာလားဆိုတာ ဒီဇာတ်လမ်းတွဲမှာစောင့်ကြည့်ရမှာဖြစ်ပါတယ်။