Movie Name
My Divine Emissary (အရှင့်ထံပန်ကြား ချစ်ပန်းစကား) (2024)
Year
2024
Generes
Comedy, Fantasy, Romance
Code
SC0836
Type
Series
Size
6.20 GB
Country
China
Description
1-24 complete “အရှင့်ထံပန်ကြား ချစ်ပန်းစကား” My Divine Emissary (我的神使大人 2024) မင်္ဂလာပါ ပရိသတ်ကြီးတို့ရေ လူသားတို့အတွက် ဆန်းကြယ်တဲ့ဖူးစာကို ဖန်ဆင်းပေးနေတဲ့ နတ်သားလေး မြားနတ်မောင်ရဲ့ အချစ်ပုံပြင်တွေထဲက ထူးခြားတဲ့ အချိန်ခရီးသွား အချစ်ဇာတ်လမ်းလေး‌တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ 💗 ဇာတ်လမ်းအညွှန်း 💗 Li Mengmengဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့ပြီး လူတောမတိုးရဲတဲ့ လူမသိသူမသိ ကျောင်းသူမလေးတစ်ယောက်ပေါ့ တစ်နေ့မှာတော့ ကြုံတောင့်ကြုံခဲ အချိန်ခရီးသွား ကံကြမ္မာဆန်းရဲ့ လှည့်ကွက်ကြောင့် Li Mengmengတစ်ယောက် ချီတိုင်းပြည်ရဲ့ ကောင်းကင်တမန်တော်ပုဂ္ဂိုလ်နေရာကို အမှတ်မထင် ရောက်ရှိသွားတော့တယ် သို့ပေမဲ့ လာမဲ့ဘေးပြေးတွေ့တတ်တဲ့ လူလည်မလေး Li Mengmengဟာ သူတတ်မြောက်ထားတဲ့ ခေတ်သစ်နည်းပညာတွေကို အသုံးချပြီး ရှေး‌ခေတ်လူအများရဲ့ ယုံကြည်လေးစားမှုကို အရယူနိုင်ကာ ငယ်ရွယ်မာန်တက်နေတဲ့ ရှင်ဘုရင်ဆိုးလေး Qin Yanရဲ့ တော်၀င်နည်းပြဆရာမ ဖြစ်လာတော့တယ် ပုံမှန်မဟုတ်တဲ့ ဖူးစာရေစက်ကြောင့် မတူညီတဲ့ အချိန်စက်၀န်းမှာ ဆုံတွေ့ခဲ့တဲ့ အချိန်ခရီးသွား ကျောင်းသူမလေးနဲ့ တိုင်းပြည်အရှင် ဧကရာဇ်တို့ သူတို့နှစ်ဦးချစ်ကျွမ်း၀င်သွားရာမှ ဘာတွေဆက်ဖြစ်လာမလဲ Li Mengmengကရော ခေတ်သစ်ကို ပြန်ရောက်သွားပြီး သူ(မ)ရဲ့ သာမညဘ၀လေးမှာပဲ တစ်ကိုယ်တည်း အချိန်ကုန်ဆုံးသွားရမလား ဒါမှမဟုတ်… ရှင်ဘုရင်Qin Yanနဲ့အတူ ရှေးခေတ်မှာပဲ သက်ဆုံးတိုင်ပေါင်းဖက်သွားနိုင်မလား…စတဲ့မေးခွန်းပေါင်းများစွာကို အချိန်ခရီးသွားဇာတ်လမ်းတို့ရဲ့ ထင်မှတ်မထားရတဲ့ ဇာတ်ကွက်အပြောင်းအလဲတွေနဲ့အတူ စိတ်၀င်စားဖွယ် အဖြေရှာစောင့်ကြည့်ရမဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် ဒါကြောင့် My Divine Emissaryဆိုတဲ့ historical fantasy dramaလေးကို Soulkingdomကနေ စောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေ