Movie Name
Hacker (2016)
Year
2016
Generes
Crime, Drama, Thriller
Code
00820
Type
Movie
Size
773 MB
Country
Hollywood
Description
အဲလက်စ်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ငယ်ငယ်ကတည်း ကွန်ပျူတာကို ဆော့ကစားရင်းကြီးပြင်းခဲ့ရသူမို့အင်တာနက် ကွန်ပျူတာတွေနဲ့ပတ်သတ်ပြီး အကျွမ်းတဝင်ရှိနေပါတယ်။သူရဲ့စိတ်ကူးကလည်း ဒီပညာတွေကို ပိုပြီးသင်ယူဖို့ ကောလိပ်တက်ချင်တာပါ။ မိဘတွေက မပြေလည်သူမို့ ကောလိပ်တက်ဖို့ ၁၄ နှစ်အရွယ်လောက်ကတည်းကခက်ခက်ခဲခဲ အင်တာနက်နေပြီးမှ ငွေရှာပြီး ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာနေတဲ့ လူကောင်းလေးတစ်ယောက်ပါ။ကောလိပ်တက်ခါနီးမှာပဲ သူ့အမေအလုပ်လုပ်နေတဲ့ဘဏ်က သူ့အမေကိုအလုပ်ထုတ်လိုက်ပါတယ်။သူတို့အိမ်ဂရန်အပေါင်ကလည်း ဒီဘဏ်မှာဖြစ်တဲ့အတွက် အလုပ်မရှိတော့လို့ချေးငွေလည်းမရနိုင်နဲ့ အိမ်ကိုပါ ဆုံးရှုံးရမယ့်အခြေအနေမို့ သူအနှစ်နှစ်အလလစုထားတဲ့ငွေလေးတွေကို ထုတ်ပေးလိုက်ပါတယ်။သူ့ရဲ့ရင်ထဲမှာလည်း ဘဏ်တွေကို စိတ်နာပြီး နာကျည်းချက်ဝင်နေပါတယ်။ အဲဒီအချိန်မှာ “ Dark Web” ဆိုတဲ့အဖွဲ့အစည်းက အင်တာနက်ကဟက်ကာအဖွဲ့အစည်းတွေဖြစ်ပြီးအင်တာနက်ကနေ ငွေကြေးတွေ လိမ်လည်ရယူနေတဲ့ နာမည်ကျော်ဟက်ကာကြီးအဖွဲ့ပါ။ ခေါင်းဆောင်ကတော့ Z ဆိုပြီး မျက်နှာဖုံးနဲ့ လူတစ်ယောက်ပါ ။ဒီတော့ သူစုထားတဲ့ပိုက်ဆံတွေ မရှိတော့တဲ့ အဲလက်စ်ဟာ ဒီအဖွဲ့ထဲကို ဝင်ဖို့အကြံရသွားပါတယ်။ဒီအဖွဲ့ထဲ ဝင်ဖို့ကတော့ မလွယ်ကူပါဘူး။Online ကနေ ငွေကြေးလိမ်လည်မှုတစ်ခုလုပ်ပြနိုင်မှ လက်ခံတာပါ။ဒီတော့ အဲလက်စ်လည်း ကြိုးစားပြီး Online ငွေကြေးလိမ်လည်မှုုတစ်ခု လုပ်ပြနိုင်လို့အောက်ဆုံးအဆင့်ကနေ ဝင်ခွင့်ရခဲ့တယ်။ဒီအဖွဲ့ထဲ ဝင်ပြီး ကြိုးစားလုပ်ကိုင်ရင်းက ၄ ပါတ်အတွင်းမှာကိုသူ ၄နှစ်စုဆောင်းထားတာလောက်ကို ရှာနိုင်လာပါတယ်။ကောလိပ်တက်ဖို့ မြို့ကိုပြောင်းလာတဲ့အချိန်မှာ “ Dark Web” အဖွဲ့ကနိုင်ငံတကာသတင်းမီဒီယာတွေကနေ ဘဏ်တွေကို ခြိမ်းခြောက်ပြီးတိုက်ခိုက်ပြမယ်လို့ ကြုံးဝါးလာခဲ့ပါတယ်။ဒီအချိန်မှာ အဲလက်စ်က ဘဏ်တွေကိုလက်စားချေချင်နေတဲ့သူမို့သူ ကောလိပ်မတက်တော့ပဲနဲ့ “ Dark Web” အဖွဲ့က အဖွဲ့ခေါင်းဆောင် Z နဲ့ တွေ့ဖို့အင်တာနက်ကနေငွေကြေးလိမ်လည်မှုတွေကို တဆင့်ပြီးတဆင့်တိုးလုပ်လာပါတော့တယ်………-အဲလက်တစ်ယောက် ဘယ်လိုများ တဆင့်ပြီး တဆင့် Online ငွေကြေးလိမ်လည်မှုတွေကို လုပ်သွားသလဲ-သူ့ကို ဘယ်သူတွေက ကူညီပေးမှာလဲ-“ Dark Web” အဖွဲ့ခေါင်းဆောင် Z ရဲ့ အသိမှတ်ပြုမိကို ရနိုင်မှာလား– နိုင်ငံတကာ ဘဏ်တွေကိုရော လက်စားချေနိုင်အောင် စွမ်းဆောင်သွားနိုင်လား-ဒီလောက်တောင် online ကနေ ငွေတွေလိမ်လည်နေတာ အဖမ်းခံရမှာလား မခံရဘူးလား-နိင်ငံတကာရဲတပ်ဖွဲ့ နှင့် ဘဏ်တွေဖက်ကရောဘယ်လိုမျိုး တန်ပြန်တိုက်စစ်ဆင်သလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာ ရှုစားကြည့်လိုက်ပါ…..ဒီကားလေးတော့ ကွန်ပျူတာကိုနေ့တိုင်း ထိတွေ့နေတဲ့ ကျွန်တော်တို့ အကြိုက်ကားလေးပဲဖြစ်ပါတယ်…Hacking အပိုင်းကိုစိတ်ဝင်စားနေတဲ့သူတွေနဲ့ လူငယ်တွေအတွက်လက်မလွှတ်သင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…