Movie Name
Reasonable Doubt (2014)
Year
2014
Generes
Crime, Drama
Code
EN4190
Type
Movie
Size
446 MB
Country
Hollywood
Description
ဥပဒေမှာ Reasonable Doubt ဆိုတာက အမှုတစ်ခုနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်ကကျူးလွန်တယ် ဆိုတာကို​ သက်သေတွေအရ အကျိုးသင့်အကြောင်းသင့် သံသယ​ဝင်ပြီးစစ်ဆေးဖို့လုပ်တာကိုခေါ်တာပါ ဒါပေမဲ့​ သူဟာတရားခံအစစ်ပါလို့ကောက်ချက် ပြီးစီရင် ချက်ချဖို့ကတော့ အထက်ကပြောခဲ့တဲ့​ Reasonable Doubt ဆိုတဲ့ အဆင့်ထက်ကျော်လွန်ဖို့လိုပါတယ်.. ဘာလို့​လဲဆိုတော့​လူတစ်ယောက်ကို အဲလိုမျိုး အကျိုး​အကြောင်း​သင့်သံသယဝင်ခံရအောင်လုပ်ဖို့က ပစ္စည်း​သက်သေတွေဖန်တီးယူလို့ရတာကြောင့်ပါ. ကဲ​ ဆိုတော့​ ဒီ​ဇာတ်ကားမှာအဲဒါကိုသေသေချာချာ မြင်တွေ့ရမှာပဲဖြစ်ပါတယ် မစ်ချ်ဆိုသူ​ဟာ​ အစိုးရ ခရိုင်ရှေ့နေရုံးက ဒိတ်ဒိတ်ကြဲရှေ့နေတစ်ဦးဖြစ်ပါတယ် သူ့မှာလှပတဲ့ဇနီးရယ် သမီးလေးရယ်နဲ့ အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်ထားသူပါ တစ်ညမှာ အမှုတစ်ခုအတွက်သူငယ်ချင်းတွေနဲ့ အောင်ပွဲခံသောက်ကြရင်းအမူးလွန်ပြီး ကားမောင်း အိမ်ပြန်တဲ့မစ်ချ်ဟာ လူတစ်ယောက်ကိုဝင်တိုက်မိ ခဲ့ပါတယ်. အဲဒီမှာစပြီးတော့ မစ်ချ်တစ်ယောက် မကြုံစဖူးအဖြစ်အပျက်တွေကြုံလာဖို့အကြောင်း ဖန်လာတော့တာပါပဲ မစ်ချ်တိုက်မိတဲ့လူက ဘယ်လိုလူမျိုးလဲ.. မစ်ချ်ကကောအဲအတွက်ဘာတွေဆက်လုပ်ရမလဲ… ဆိုတာကိုဆက်ကြည့်ရင်းနဲ့ ဇာတ်ကားကောင်းလေးကိုခံစားလိုက်ရအောင်ပါ