-
Movie Name
-
Tempting Heart (2024) (မာယာညွှတ်ကွင်း) (မာယာများနဲ့ပလန် )(2024)
-
Year
-
2024
-
Generes
-
Action, Drama
-
Code
-
ST0935
-
Type
-
Series
-
Size
-
10.5 GB
-
Country
-
Thai
-
Description
-
1-34 Complete
နီနီ့က အနုပညာလောကထဲ ဆက်စီကျပြီး အရမ်းဟော့တဲ့ ဗီလိန်မင်းသမီးတစ်ယောက်ဖြစ်ပြီး
အမြဲ ကောလဟာလသတင်းတွေ ထွက်လေ့ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်
တစ်နေ့ နီနီ့ရဲ့ချစ်သူလို့ နာမည်ထွက်နေတဲ့ အလှအပဆေးခန်းဒေါက်တာ ပတဖီ တစ်ယောက် သဲလွန်စ မကျန်ဘဲ ပျောက်ဆုံးသွားချိန်မှာတော့
နီနီ့ဟာ ဆေးခန်းအပိုင်သိမ်းချင်လို့ ချစ်သူကိုသတ်တဲ့ လူသတ်သမားမင်းသမီးဆိုပြီး နာမည်ပျက်ထွက်လာပါတော့တယ်
သတင်းဆိုးတွေကြောင့် အလုပ်တွေလည်း ဖျက်ခံရ ဆေးခန်းမန်ဘာကြေးတွေလည်း ပြန်ထုတ်ခံရပြီး
ပျက်စီးခြင်းငါးပါးစိုက်နေတဲ့ မင်းသမီးနီနီ့တစ်ယောက်
နိုင်ငံတကာရဲ့ရန်သူ လက်နက်ကုန်သည်တို့ရဲ့ ပစ်မှတ်ဖြစ်မှန်းမသိဖြစ်လာခဲ့ချိန်မှာတော့
လျှို့ဝှက်ရဲတပ်ဖွဲ့ရဲ့အထူးအဖွဲ့ဝင်ကိုစေလွှတ်ကာကွယ်ခြင်းခံလာရပါတော့တယ်
နီနီ့ကို စောင့်ကြည့်ကာကွယ်ဖို့ တာဝန်ကျလာတဲ့ နဂန်က
လွန်ခဲ့တဲ့သုံးနှစ်က နီနီ့အချစ်တွေကို ငြင်းပယ်ခဲ့တဲ့ အချစ်ဆုံးယောက်ျားဖြစ်နေခဲ့တဲ့အခါ
နီနီ့ကလည်း နဂန်အနားပြန်ရောက်လာချိန်မှာ ဘယ်တော့မှပြန်မထွက်သွားအောင်
ဆွဲဆောင်ဖို့ ကြိုးစားလာတဲ့အခါ နဂန်တစ်ယောက် အချစ်နဲ့တာဝန်ကြား ဘယ်လိုတွေ ဆက်ဖြစ်လာမှာလဲ
ပျောက်ဆုံးနေတဲ့ ဒေါက်တာပတဖီကရော တကယ်ပဲသေဆုံးသွားခဲ့တာလား
လက်နက်ကုန်သည်တီတို့ကရော ဘာလို့နီနီ့ကို ပစ်မှတ်ထား ခြိမ်းခြောက်နေရတာလဲ
နဂန်ကရော နီနီ့အပေါ်တကယ်ခံစားချက်မရှိခဲ့တာလား ဘာတွေဖုံးကွယ်ထားခဲ့လဲဆိုတာကို
ရိုရိုချိုချို၊ဟာသအပြင် အက်ရှင်ခန်းတွေကိုပါ ရသစုံစွာနဲ့ “သွေးဆောင်တတ်သောနှလုံးသား” ဇာတ်လမ်းတွဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်