Movie Name
Dhevaprom Kwanruetai (ကိုယ်ချစ်ရတဲ့သူ)(2024)
Year
2024
Generes
Drama, Romance
Code
ST0937
Type
Series
Size
7.20 GB
Country
Thai
Description
1-14 complete ချက် ဂျူထာထေ့အဖြစ် Mike Panithan ခွမ်ရူထိုင် ထေဝါဖရွန်အဖြစ် Yada Narilya ဇာတ်လမ်းအကျဉ်း... ခွန်ဖူနဲ့လအော်ကျန်တို့ရဲ့ ဇာတ်လမ်းအပြီး ‌နောက်တစ်တွဲက‌တာ့ ခွန်ချိုင်ပူတီဖတ်ဂျူထာထေ့ရဲ့သားအကြီးဆုံး ခွန်ချက်ကလောင် ဂျူထာထေ့နဲ့ ခွန်မာလတီတို့ရဲ့ သမီး ခွမ်ရူထိုင် ထေဝါဖရွန်တို့ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ် ဆေးကျောင်းကနေ ဘွဲ့ရပြီးတော့ ချင်းရိုင်စစ်ဆေးရုံကို ပြောင်းလာခဲ့တဲ့ ခွန်ချက်တစ်ယောက် ခပ်ဆိုးဆိုးနဲ့ရဲရင့်တဲ့ ခွမ်ရူထိုင်ဆိုတဲ့ မိန်းကလေးနဲ့ တွေ့ဆုံခဲ့ပြီးတော့ ခွမ်ရူထိုင်ရဲ့ ဟင်းချက်လက်ရာတွေနဲ့အကြောက်အရွံ့ကင်းတာတွေကို သဘောကျသွားခဲ့ပါတယ် ခွမ်ရူထိုင်ရဲ့အမေက ခွန်ချပ်ကို သဘောမကျတာကြောင့် ရှောင်ဖို့ကြိုးစားပေမဲ့လည်း နှစ်ယောက်သား အစိုးရအမှုတွေထဲ ပါဝင်ပတ်သက်ဖို့ ဖြစ်လာတဲ့အခါ အချင်းချင်း ဖေးမကူညီပေးရာကနေ အနေလည်း နီးလာခဲ့ကြပါတယ် အမေဖြစ်သူစိတ်ဆိုးမှာစိုးလို့ ခွန်ချက်ကို ရှောင်နေခဲ့တဲ့ ခွမ်ရူထိုင်တစ်ယောက် တစ်ခါ သူ့ကိုယ်စား ခွန်ချက်က ကျည်ဆန်အမိခံပြီးတော့ ကိုမာဝင်တဲ့အထိပါ ဖြစ်သွားလို့ စိုးရိမ်ပေမဲ့လည်း ဂျူထာထေ့မိသားစုအပေါ်မှာရှိနေတဲ့ သူ့အမုန်းတရားတွေကြောင့် ရင်နာနာနဲ့ပဲ ဘန်ကောက်ကို ထွက်ပြေးသွားခဲ့ပါတယ် ဒီလိုလိုက်တမ်းပြေးတမ်း ကစားနေတဲ့ သူတို့နှစ်ယောက်ကို ကံကြမ္မာက ဘန်ကောက်မှာလည်း ထပ်မံဆုံစည်းစေပြန်တဲ့အခါ.. ဂျစ်ကန်ကန်မလေးရဲ့နှလုံးသားကို မျက်နှာချိုချိုနဲ့ စစ်ဆေးဆရာဝန်လေးက အပိုင်သိမ်းပြီး အဖေလက်ထက်တုန်းက မဖြစ်မြောက်ခဲ့တဲ့ ဆန္ဒတွေကို ဒီအတွဲကရောဖြည့်ဆည်းပေးနိုင်မလားဆိုတာ Ash Channel စောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါတယ်..