-
Movie Name
-
Practice Daughter (ချစ်ကြည့်ဖိုအတွက် လေ့ကျင့်မယ်) (2024)
-
Year
-
2024
-
Generes
-
Comedy, Fantasy, Historical, Romance
-
Code
-
SC0847
-
Type
-
Series
-
Size
-
6.91 GB
-
Country
-
China
-
Description
-
1-24 complete
Hello ချစ်ရပါသော GC Verse လေးတိုအတွက် GC Chinese Team ကနေ ထပ်မံတင်ဆက်ပေးသွားမဲ့ ဇာတ်ကားသစ်လေးကတော့ ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းလေးဖြစ်တဲ့ စောရမယ်လေး ကိုယ့်ကြင်ဖော်( Practice Daughter)ဆိုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်
ဒီဇာတ်လမ်းလေးကတော့ ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ Yang Hao Ming,Zhang Miao Yi,Xu Ke ,Chen Si Y,Sun Zi Hang တိုလို လူငယ်သရုပ်ဆောင်လေးတွေက ပါဝင်ထားတာပဲဖြစ်ပါတယ်
ကျီရှီးပြည် ဝန်ကြီးချုပ်မိန်ရဲ့ သမီး မိန်ယွိရှန့်နဲ့ သူခိုးမလေး ရှောင်သိုဇီတိုက လုံးဝ ကွဲပြားတဲ့ အကျင့်စရိုက် ကိုယ်ရည်ကိုယ်သွေး ရှိကြတဲ့မိန်းမပျိုနှစ်ဦးပါ တစ်နေ့မှာတော့ မိန်ယွိရှန့်နဲ့ ရှောင်သိုဇီတို ဝိညာဉ်လဲသွားရာကနေပြီး မူလအတိုင်းပြန်လဲလို မရတော့တဲ့အခါ...
ရှောင်သိုဇီဝိညာဉ်နဲ့ မိန်ယွိရှန့်တစ်ယောက် နန်းတွင်းဝင်ရောက်ဖိုရာ ဖြစ်လာပြီး နန်းတွင်းထဲမှာ ဘယ်လိုအလွဲလွဲအချော်ချော်တွေ ဖြစ်လာဦးမှာလဲ
ရှောင်သိုဇီဝိညာဉ်နဲ့ မိန်ယွိရှန့်တစ်ယောက် အိမ်ရှေ့စံမင်းသား နန်ကုန်းယောင့်နဲ့ အဆင်မပြေရာကနေပြီး တဖြည်းဖြည်း နှစ်ဦးကြားမှာ သံယောဇဉ်တွေ တိုးပွားလာတဲ့အခါ....
ရှောင်သိုဇီနဲ့ မိန်ယွိရှန့်တို ဝိညာဉ်လဲသွားတယ်ဆိုတာ ဘာကြောင့်များဖြစ်မလဲ နဂိုမူလအတိုင်း ဝိညာဉ်ပြန်လဲနိုင်မှာလား
ဒီအကြောင်းတွေကိုရော အိမ်ရှေ့စံမင်းသား သိရှိသွားမှာလား
အချစ်စစ်က ကံကြမ္မာကို အံတုနိုင်မှာလား
စတာတွေကို ရယ်ရွှင်ဖွယ် ဟာသနှောပြီးရိုက်ကူးတင်ဆက်ထားတဲ့ စောရမယ်လေး ကိုယ့်ကြင်ဖော် (Practice Daughter) တရုတ်ဇာတ်လမ်းတွဲလေးကို GC drama telegram channelနဲ့ websiteတိုမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးလို ဖိတ်ခေါ်ပါရစေနော်