Movie Name
Blossom Campus (ချစ်ခြင်းရနံ့တို သင်းပျံ့ထုံရာ) (2024)
Year
2024
Generes
Romance
Code
SKR0995
Type
Series
Size
1.28 GB
Country
Korea
Description
1-6 complete ဒီတစ်ခေါက်မှာတော့ ပူပြင်းလှတဲ့နွေရာသီမှာ ဖရဲသီးအေးအေးလေး စားလိုက်ရသလို လန်းဆန်းအေးမြသွားစေမဲ့ rom-com KBL ကျောင်းသားကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 🐰ဇာတ်လမ်းအညွှန်း🦊 မင်ဂျယ်ဟာ ဟန်းဂုတက္ကသိုလ် လက်တွေ့အသုံးချဂီတမေဂျာကို ပြောင်းရွှေ့လာတဲ့ မေဂျာပြောင်းကျောင်းသားလေးတစ်​ယောက်ပါ။ ကျောင်းစပြောင်းတဲ့နေ့မှာပဲ Taekwondoမေဂျာက ယွန်းချန်းနဲ့ တွေ့ဆုံခဲ့ပြီး အကူအညီတောင်းရာကနေ တလွဲတချော်အခြေအနေတချို ဖြစ်ပေါ်ခဲ့တာကြောင့် မင်ဂျယ့်အမြင်မှာ ယွန်းချန်းဟာ ထူးဆန်းတဲ့လူတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။ လူထူးဆန်းတစ်ယောက်ဆိုပြီး ရှောင်ချင်နေတဲ့ကောင်လေးနဲ့ ကူညီပေးတတ်လွန်းတဲ့ သဘောမနောကောင်းသူလေးတို မတော်တဆ ဆုံရဖန်များလာကြတဲ့အခါ မတည့်အတူနေ မမြင်ချောင်းကြည့်ဆိုတဲ့ ကြောင်နဲ့ကြွက်ချစ်ပုံပြင်လေးဟာ စတင်ခဲ့ပါတော့သတဲ့...။ ပထမဆုံးတွေ့ဆုံမှုမှာတင် အလွဲလွဲအချော်ချော်ဖြစ်ခဲ့ကြတဲ့ သူတိုနှစ်ယောက်ဟာ ဘယ်လိုမျိုး လှပတဲ့ချစ်ခြင်းတရားဆီကို ငြိမ့်ငြိမ့်ညောင်းညောင်းလေး ဦးတည်သွားလေမလဲ...။ ဆယ်ကျော်သက်အရွယ်ရဲ့ သဘောသဘာဝအတိုင်း အခါးပါးပါးလေးအုပ်ထားတဲ့ ချစ်ခြင်းမေတ္တာချိုချိုလေးကို မြည်းစမ်းကြည့်ကြရမှာဖြစ်တာမို (Blossom Campus)ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို BL by Soulနဲ့အတူတူ စီးမျောခံစားကြည့်ကြပါဦးရှင်။