Movie Name
Kill Craft (2024)
Year
2024
Generes
Action
Code
EN4202
Type
Movie
Size
851 MB
Country
Hollywood
Description
ထွက်ရှိလာခဲ့တဲ့ အမေရိကန်အက်ရှင်ဇာတ်ကားကောင်းတခုပါ။ Marina ဟာ အတန်းထဲမှာ အမြဲအဆင့်တစ်ရတဲ့ အထက်တန်း‌ကျောင်းသူလေးတဦးပါ။ သူ့အမေက လမ်းမလျှောက်နိုင်တဲ့ မသန်စွမ်းဒုက္ခိတဦးဖြစ်ပြီး သူ့အဖေကတော့ ကြေးစားလူသတ်သမားပါ။ ဒီလိုနဲ့ သူ့ဖခင်ဟာ မစ်ရှင်တခုမှာ အသတ်ခံလိုက်ရပြီး မိသားစုတာဝန်တွေက Marina ရဲ့ ပခုံးပေါ်ကို ရောက်ရှိ လာပါတယ်။ လျင်မြန်စွာပြောင်းလဲသွားတဲ့ Marina ရဲ့ဘဝဟာ ဖခင်ဖြစ်သူရဲ့လုပ်လက်စ ကြေးစားလူသတ်အလုပ်တွေကို လျှိဝှက်စွာလုပ်ကိုင်ဖို ဖြစ်လာပါတော့တယ်။ သူ့ရဲ့ဖခင်ကို သတ်သွားတဲ့ အလုပ်ရှင်ကို ပြန်လည်လက်စားချေဖို အထက်တန်းကျောင်းသူ Marina တယောက် ဘယ်လိုတွေ ကြိုးစားမှာလဲ၊ လူမိုက်လောကထဲကို ဘယ်လိုဝင်ရောက် သွားမလဲ၊ ဒုက္ခိတဖြစ်နေတဲ့ မိခင်ကိုရော သူကာကွယ် စောင့်ရှောက်နိုင်ပါ့မလား၊ နောက်ဆုံးမှာ သူ့ရဲ့လက်တုံ ပြန်မှုက ဘယ်လောက်ထိ အောင်မြင်သွားနိုင်မလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ စီးမျောကြည့်ရှုခံစားရမှာဖြစ်ပါတယ်။