-
Movie Name
-
Jackdaw (2023)
-
Year
-
2023
-
Generes
-
Action, Thriller
-
Code
-
EN4207
-
Type
-
Movie
-
Size
-
707 MB
-
Country
-
Hollywood
-
Description
-
မော်တိုခရော့ ဆိုင်ကယ်ချန်ပီယံဟောင်းဖြစ်သလို
စစ်မှုထမ်းဟောင်းဖြစ်တဲ့ Jack Dawson ဟာ
သူ့မိခင်သေဆုံးပြီးနောက်မှာ သူ့ညီအရင်းကို
ပြုစုစောင့်ရှောက်ဖို့ သူ့ရဲ့ဇာတိမြို့ကို ပြန်လည်
ရောက်ရှိလာခဲ့ပါတယ်။
ဘဝသစ်ကိုစတင်ဖို့မျှော်လင့်ရင်း ကျောင်းနေဘက်
သူငယ်ချင်းဟောင်းတစ်ယောက်ဖြစ်တဲ့ Silas ဆီကနေ
ဘဝတဆစ်ချိုးပြောင်းလဲနိုင်တဲ့ အလုပ်တစ်ခုကို
လက်ခံခဲ့ပါတယ်။ မြောက်ပင်လယ်မှာရှိတဲ့
လျှို့ဝှက်အထုပ်တစ်ထုပ်ကို ယူပေးဖို့ပါ။ ဒါပေမဲ့
Jackdaw ဟာ ဒေသခံမူးယစ်ဂိုဏ်း၊ ဒုစရိုက်သမား
ဖြစ်တဲ့ Silas ရဲ့သစ္စာဖောက်ခံရပြီး Jackdaw ရဲ့
ညီဟာလည်း ပြန်ပေးဆွဲခံခဲ့ရပါတယ်။
ဒီနောက်မှာတော့ Jackdaw အတွက် အိပ်မက်ဆိုးတွေ
ဝင်ရောက်လာခဲ့ပြီး အဖြစ်မှန်ကိုရှာဖွေဖို့ တိုက်ပွဲဝင်
ရပါတော့တယ်။ Jackdaw တယောက် ရောဂါသည်
ညီဖြစ်သူကို ရှာတွေ့နိုင်မလား။ တညတာရဲ့ကြမ်းတမ်းတဲ့
ခရီးမှာ မိတ်ဆွေဟောင်းမိတ်ဆွေဟောင်း၊ မိတ်ဆွေသစ်တွေ
ရန်သူသစ်တွေနဲ့ ဘယ်လိုတွေ့ဆုံရမလဲဆိုတာကို
ကြည့်ရှုခံစားရမယ့် သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကား
ဖြစ်ပါတယ်။