-
Movie Name
-
Gaddi Jaandi Ae Chalaangaan Maardi (2024)
-
Year
-
2024
-
Generes
-
Comedy, Drama
-
Code
-
EN4212
-
Type
-
Movie
-
Size
-
1.26 GB
-
Country
-
Hollywood
-
Description
-
Gaddi Jaandi Ae Chalaangaan Maardi 2023 လက်ဖွဲ့ကား
စိတ်ညစ်ညူးစရာ အလုပ်တက်ရက်ကြီးမှာ CM Bollywood Teamက ပရိသတ်ကြီးကို
ဟာဒယရွှင်ဆေးတိုက်ကျွေးဖို့ ပန်ချာပီဟာသကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။
ဒီကားလေးထဲမှာတော့ ပစ္စည်းတွေ စားစရာတွေလိုပဲ သားတွေကို ဈေးတင်ရောင်းမယ့်
ကပ်စေးနည်းဖေဖေကြီးနဲ့ ခမည်းခမက်တွေကြားက အလွဲလေးတွေကို ရှုစားရမှာပါ။
ချွေးမကိုမကြည့်ဘူး ခန်းဝင်ပစ္စည်းပဲကြည့်မယ် ချွေးမမှာလက်မပါလာတာအရေးမကြီးဘူး
ခန်းဝင်ပစ္စည်းလျော့လို့တော့မရဘူးဆိုတဲ့ လာ့ဘ်ဆင်းဂ်တစ်ယောက် သားတွေကို
အိမ်ထောင်ချပေးရမယ့်အချိန်ရောက်ရင် သတို့သမီးတွေကို ခန်းဝင်ကြိုက်ဈေးပေးရင်
ရော့ခန်းဝင်ပစ္စည်း ရော့ငါ့သားလုပ်တတ်တဲ့သူပါ။ ဖြစ်ချင်တော့ သားကြီးဘိုလာကို မင်္ဂလာဆောင်ပေးချိန်မှာ
သတို့သမီးဘက်က ဘိုလာ 8 တန်းကျ ပညာမတတ်ဆိုတာသိသွားပြီး ခန်းဝင်ပစ္စည်းထဲထည့်ပေးရမယ့်
ဆိုင်ကယ်နဲ့ကုတင်က ပါမလာတော့ပါဘူး။
ဒီတော့ တစ်ပြားကနေ နှစ်ပြားရအောင်ပွတ်နေတတ်တဲ့ လာ့ဘ်ဆင်းဂ်တစ်ယောက် ဒီဆိုင်ကယ်ကို
ကြိတ်မနိုင်ခဲမရဖြစ်နေတာ ဘိုလာတို့သားလေး ကျောင်းနေအရွယ်ရောက်တဲ့အထိပါပဲ။
သားကြီးမှာ ဆုံးရှုံးခဲ့ရတာကို သားငယ်ဟက်ပီးအလှည့်ကျ ဆတိုးပြန်ယူဖို့ လုပ်ထားတာပေါ့လေ။
ဒီလိုနဲ့ ခန်းဝင်ပစ္စည်းတောင်းလို့ကောင်းအောင် ၃၀၀၀၀ တန် MBA အောင်လက်မှတ်နဲ့ သူဌေးသမီးကိုထောင်ဖမ်းမယ့်
လာ့ဘ်ဆင်းတို့နဲ့ ခန်းဝင်ပစ္စည်းတွေထဲ ကားကြီးတစ်စီးပါ ထည့်ပေးမှာဆိုတဲ့ ဟက်ပီးသဘောကျနေတဲ့ ပူဂျာတို့မိသားစုနဲ့တွေ့တဲ့အခါမှာတော့….