Movie Name
IF (2024)
Year
2024
Generes
Animation, Comedy, Drama
Code
AN0701
Type
Movie
Size
972 MB
Country
Hollywood
Description
ဒက်ပူးမင်းသား ရိုင်ရန်ရေးနိုးရဲ့ လူတစ်ဝက် ကာတွန်းတစ်ဝက် ရုပ်ရှင်အသစ်လာပါပြီ။ ဒါရိုက်တာနဲ့ ဇာတ်ပို့ကတော့ The Office ဇာတ်လမ်းတွဲထဲက မင်းသား John Krasinski ပါပဲ။ Walking Dead ထဲက မင်းသမီးလေး Cailey Fleming ကတော့ အဓိက မင်းသမီးအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ကလေးတိုင်းမှာ စိတ်ကူးယဉ်သူငယ်ချင်းတွေ ရှိတတ်ကြပါတယ်။ သူတို့ အကျင့်စရိုက်အတိုင်း၊ သူတို့ဆန္ဒအတိုင်း ပုံဖော်မိထားတဲ့ သူငယ်ချင်း လေးတွေပေါ့။ ပုံစံအစုံ ရှိနိုင်ပါတယ်။ အဲဒီ သူငယ်ချင်းတွေက သူတို့ကိုယ်သူတို့ What If “အကယ်၍” ဆိုပြီး နာမည်ပေးထားတယ်။ အဲဒီလို စိတ်ကူးယဉ်သူငယ်ချင်းတွေရဲ့ သနားစရာကောင်းတဲ့အချက်ကတော့ သူတို့ကို ဖန်တီးတဲ့ ကလေးတွေ ကြီးလာတဲ့အခါ သူတို့ကို မေ့သွားပြီး မမြင်နိုင်တော့သလို သူတို့အချင်းချင်းက လွဲပြီး ဘယ်သူမှမမြင်နိုင်ပါဘူး။ တစ်နေ့မှာတော့ အဲဒီ စိတ်ကူးယဉ်သူငယ်ချင်းတွေ အကုန်လုံးကို မြင်နိုင်တဲ့ ကလေးမလေးတစ်ယောက်က သူတို့အားလုံးကို ကလေးသူငယ်ချင်းတစ်ယောက်စီ ပြန်ရှာပေးဖို့ ကြိုးစားပါတော့တယ်…