Movie Name
Vinveli Devathai (2024)
Year
2024
Generes
Comedy, Romance
Code
IND1342
Type
Movie
Size
969 MB
Country
Bollywood
Description
Vinveli Devathai 2023 ချစ်ခြင်းငယ်ပြိုင် ကျောင်းသားအချစ်ဇာတ်လမ်းတွေကို သဘောကျသူတွေအတွက် တမီလ်ကျောင်းသားအချစ်ဇာတ်လမ်းလေး တင်ဆက်ပေးချင်ပါတယ်။ ငယ်ချစ်နှစ်တစ်ရာမမေ့သာဆိုတဲ့ ခရစ်ရှ် ၊ နောက်မှဆုံပေမဲ့ နွေးထွေးမှုပေးနိုင်တဲ့ အာကက်ရှ်နဲ့ ဗန်နီလာဆိုတဲ့ကောင်မလေးတို့ကြားက 3 ပွင့်ဆိုင်ချစ်ဇာတ်လမ်းကို ရှုစားရမှာပါ။ ဖခင်ကအမြဲနှိပ်စက်ရိုက်နှက်တတ်သလို အမေကလည်း အဖေ့ကိုမနိုင်တဲ့အတွက် အိမ်ဆိုတာငရဲပမာဖြစ်နေတဲ့ ဗန်နီလာတစ်ယောက် ကျောင်းမှာသူ့ကိုကာကွယ်ပေးတဲ့ကိုကြီး ခရစ်ရှ်ဟာ သူ့အတွက်တစ်ကမ္ဘာပါပေါ့။ ဒါပေမဲ့ အတ္တတွေကြားမှာ အချစ်ဦးနဲ့လွဲချော်ရဖို့ဖြစ်လာပြီး နွေးထွေးတဲ့ရင်ခွင်ပိုင်ရှင် အာကတ်ရှ်နဲ့ထပ်ဆုံရဖို့ဖြစ်လာတဲ့အခါ…. တစ်ဖက်က အာကာသယာဉ်မှူးဖြစ်ချင်တဲ့ အိပ်မက်ကတစ်ဖက်၊ ချစ်သူနဲ့မိသားစုရေးရာတွေကတစ်ဖက်နဲ့ ဗန်နီလာတစ်ယောက် သူ့ရဲ့ရည်မှန်းချက်အတွက် ဘယ်လိုကြိုးစားမလဲ‌ဆိုတာ ရှုစားကြပါဦးစို့။