-
Movie Name
-
Chef (2017)
-
Year
-
2017
-
Generes
-
Comedy, Drama
-
Code
-
00278
-
Type
-
Movie
-
Size
-
953 MB
-
Country
-
Bollywood
-
Description
-
2017ထွက် အိန္ဒိယဇာတ်ကားကောင်းလေးပါ…ရိုရှန်ဆိုတဲ့ စားဖိုမှူးက သူ့ရဲ့ ဒေါသကို မထိန်းနိုင်ပဲ စားသုံးသူနဲ့ရန်ဖြစ်ခဲ့တဲ့အတွက် အလုပ်ထုတ်ခံခဲ့ရပါတယ်..သူ့ကိုထုတ်ရင် သူ့နောက်လိုက်တွေလဲ လိုက်ထွက်လိမ့်မယ်လို့ သူထင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ လူတွေက ကိုယ့်အကျိုးပဲကိုယ်ကြည့်ကြတာပါပဲအလုပ်ထုတ်ခံလိုက်ရတဲ့ ရိုရှန်က နောက်ထက်အလုပ်တစ်ခုထပ်ရှာဖို့ အဆင်မပြေဖြစ်နေချိန် သူ့ရဲ့ကွာရှင်းထားပြီးတဲ့ဇနီးနဲ့သားဆီကို ပြန်ဖို့အကြောင်းပေါ်လာခဲ့ပါတယ်…အိန္ဒိယကို ပြန်ရောက်လာတဲ့အချိန်မှာတော့ ဇနီးဟောင်းရဲ့အကူညီနဲ့ ဘက်စ်ကားပေါ်မှာ စားသောက်ဆိုင်လေးဖွင့်ဖို့ စိတ်ကူးရခဲ့ပါတော့တယ်… ရိုရှန်ရဲ့သားလေးက အဖေ့ရဲ့မေတ္တာကို ငတ်မွတ်နေခဲ့တော့ အဖေနဲ့အတူရှိနေရချိန်တွေက သူ့အတွက် အရမ်းကိုပျော်စရာကောင်းခဲ့ပါတယ်…ဘက်စ်ကားစားသောက်ဆိုင်လေးဖွင့်ဖို့ပြင်ဆင်ရင်း အဖေနဲ့ရင်းနှီးမှုတွေ ပိုလာနေတဲ့အချိန်မှာပဲ ရိုရှန်က အလုပ်သစ်ကမ်းလှမ်းခံခဲ့ရပါတော့တယ်ဒီအချိန်မှာ ရိုရှန်က သူ့ရဲ့သားလေးအနားမှာပဲနေမှာလားသူ့ရဲ့ဝါသနာအရင်းခံတဲ့အလုပ်ရှိရာဆီကိုပဲပြန်သွားမှာလားဆိုတာကိုတော့..ဇာတ်လမ်းလေးဆုံးသည်ထိ ခံစားပေးကြပါဦး..မိဘနဲ့သားသမီးကြားသံယောဇဉ်မေတ္တာအကြောင်း အိမ်မက်နောက်ကို လိုက်ခဲ့လို့ခက်ခဲခဲ့ပေမယ့် အောင်မြင်ခဲ့တဲ့အကြောင်း သီချင်းလေးတွေရော အိန္ဒိယစားစရာလေးတွေနဲ့ပါတင်ဆက်ပေးထားလို့ ကြည်နူးစရာဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ….