-
Movie Name
-
Three Old Boys (2024)
-
Year
-
2024
-
Generes
-
Crime
-
Code
-
CN0960
-
Type
-
Movie
-
Size
-
995 MB
-
Country
-
China
-
Description
-
ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက်
စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့
တင်ဆက်ပေးလိုက်ချင်ပါတယ်။
ဒီဇာတ်လမ်းလေးထဲမှာတော့ လာဘ်စားမှု၊အခွန်ရှောင်တိမ်းမှု၊
တရားမဝင် ငွေမည်းငွေဖြူလုပ်မှု စတဲ့စီးပွားရေးနှင့်
ပတ်သက်တဲ့အမှုတွေကို စုံစမ်းရေးအဖွဲ့မှာ
အတွေ့အကြုံဝါရင့်ပြီး ဆရာတစ်ဆူအဖြစ်သတ်မှတ်ထားတဲ့
ချွေးထျယ်ကျွင်း။ သူလိုမျိုးလုပ်သက်တဲ့
သူငယ်ချင်းနောက်ထပ် ၂ ယောက်ရှိသေးတာပေါ့။
သူတို့တွေကတော့ မှုခင်းစုံစမ်းရေးမှူး၊ကင်းလှည့်ရဲတွေ
ဖြစ်ကြတယ်။ ဒီလိုနဲ့တစ်နေ့မှာသူတို့မြို့ရဲစခန်းဆီ
ဘဏ်ဝန်ထမ်းတစ်ယောက်က မြေအောက်ဘဏ်လို့ခေါ်တဲ့
အောက်လမ်းမသမာတဲ့ဘဏ်လုပ်ငန်းတစ်ခုနဲ့ ပူးပေါင်းပြီး
ငွေတွေကိုပြည်ပဆီပို့ပေးပြီးလိမ်လည်တယ်ဆိုတဲ့
တိုင်ကြားစာရောက်လာခဲ့တယ်။
ဒီတိုင်ကြားစာကိုစုံစမ်းရင်းတခြားသဲလွန်စသက်သေတွေတွေ့ရှိလာခဲ့ပေမဲ့
စုံစမ်းရေးမှူးတဖွဲ့လုံးက အတွေ့အကြုံနုသေးတဲ့အပြင်
ဒီအန္တရာယ်ကြီးထဲကို ဘယ်သူမှမစွန့်စားရဲတာကြောင့်
အတွေ့အကြုံရင့်တဲ့ ချွေးထျယ်ကျွင်းနဲ့သူ့အပေါင်းအပါ
နှစ်ယောက်ကိုဒီအမှုစုံထောက်အဖြစ်တာဝန်ပေးအပ်ခဲ့တယ်။
ဒီလိုနဲ့သိပ်မကြာခင်မှာ ဒီအမှုကိုဖော်ထုတ်နိုင်သွားပေမဲ့
ချွေးထျယ်ကျွင်းတစ်ယောက်ကတော့ဒီအမှုကို
သိပ်မသင်္ကာစရာတွေအများကြီးရှိနေတာကြောင့်
အမြစ်ပြတ်ရှင်းပစ်ဖို့တောင်းဆိုခဲ့ရာမှာ
ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။
ဒီအမှုကကော ဘယ်လောက်ထိရူပ်ထွေးနေလဲ။
နောက်ကွယ်ကဘယ်သူချုပ်ကိုင်ထားလဲဆိုတာကို
ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိရမှာဖြစ်ပါတယ်။